Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 28, 2014

တစ္ဆေ၊ သရဲ တကယ် ရှိသလား

aပိတ်ထားတဲ့ ပြဇာတ်ရုံထဲက ထိုင်ခုံ သူ့အလိုအလျှောက် ရွေ့သွားတာကို ကင်မရာက မှတ်တမ်းတင်ထားတယ်။ ဒါဆို ဒီ ထိုင်ခုံကို ဘယ်သူကမှ ထိတွေ့မှုမရှိပဲဘာကြောင့် ရွေ့ခဲ့သလဲ၊ ဒီ ပြဇာတ်ရုံကြီးကတော့ သရဲခြောက်တယ် လို့ နာမည်ကြီး နေပါတယ်။ 


 ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့မြောက်ဘက်က Romford မြို့က Brookside ပြဇာတ်ရုံမှာ ထိုင်ခုံ သူ့အလိုအလျှောက်ရွေ့ခဲ့ တာဖြစ်ပါတယ်။ The Mirror သတင်းမှာတော့ ထိုင်ခုံကို တစ္ဆေက ရွှေ့လိုက် တာလားလို့ ရေး ထားပါတယ်။ ဒီမှတ်တမ်းကိုလည်း ယူကျုမှာ တင်ခဲ့ပါတယ်။

 “ ကျနော်တို့ အရမ်းအရမ်းကို စိတ်လှုပ်ရှားရပါတယ်။ အရင်ကလည်း ဒီ ပြဇာတ်ရုံက တစ္တေတွေအကြောင်း သတင်းတွေ ရပါတယ်။ ဒါပေမယ့် အခု ဒီမှာလို ဗွီဒီယိုမှတ်တမ်းရထားတာကတော့ ဒါ ပထမဆုံးအကြိမ်ပါဘဲ” လို့ Roy Roberts ဆိုတဲ့ တစ္ဆေ၊ သရဲတွေကို လိုက်ရှာနေသူက ပြောထားတယ်။

အဲဒီမှတ်တမ်း မရခင်တညအလိုက သူလည်း ဒီပြဇာတ်ရုံကိုလာလေ့လာနေခဲ့တယ်။  ပြဇာတ်ရုံထဲမှာ တစ္တေ၊ သရဲတွေ ရှိတယ်ဆိုတာလည်း သူက အာရုံအသိ ရခဲ့တယ်လို့ ဆိုတယ်။

“မနေ့ညက စာဖတ်နေတုန်း ကလေးငယ်တယောက် ရှိတယ်ဆိုတဲ့ အသိရခဲ့တယ်။ အရမ်းလည်း ထူးဆန်း တယ်။ ဒါပေမယ့် ကျနော်လှုပ်လို့ မရခဲ့ဘူး၊ အခုတော့ ဒါက ကျနော့်ဘဝမှာ ထူးထူးဆန်းဆန်း ပထမဆုံး မြင်ရ တာ၊ ဒီ ဗွီဒီယိုကနော့ ကျနော့် ကို အရမ်းယုံကြည်သွားစေတာဘဲ” လို့ ရောဘတ်က ဆက်ပြောထားတယ်။

ပြဇာတ်ရုံ မန်နေဂျာ Jai Sepple က “ဒီမှာ ဒါမျိုးတွေ ဖြစ်တာ အများကြီးရှိတယ်။ ဒါပေမယ့် ရှင်းပြဖို့ ခက်တယ်” လို့လည်း ဆိုတယ်။ ဘယ်သူမှမရှိတဲ့အခန်းထဲ နံရံတွေမှာ တယောက်ယောက်က တခုခု လုပ်ထားတာမျိုး၊ ဖိနပ်မပါတဲ့ ကလေး ခြေရာတွေ တွေရတာမျိုးတွေလည်း ရှိတယ်လို့ သူက ပြောတယ်။

ဒါဆို လောကမှာ တစ္တေ၊ သရဲဆိုတာ တကယ်ရှိနေလို့လား?

မြန်မာနိုင်ငံမှာလည်း အလားတူ သရဲခြောက်တဲ့ အိမ်တွေ ရှိ တယ်ဆိုပြီး အကောင်အထည် သက်သေမရှိဘဲ လူတွေ ပြောလေ့ ရှိကြတယ်။ ယုံတဲ့သူက ယုံကြပြီး မယုံတဲ့သူက မယုံကြ ဘူး။

ဆရာဝန် တင်ရွှေရေးတဲ့ သရဲခြောက်တဲ့ အိမ်ကြီးအကြောင်းမှာတော့ သရဲခြောက်တယ်လို့ ထင်တာတွေ အကုန်လုံးဟာ လူက စိတ်ထင်နေ တာဖြစ်ပြီး သဘာဝအကြောင်းတရားနဲ့ တိရိစ္ဆာန်တွေကြောင့် ဆိုတာ အထင်အရှားရေးပြခဲ့ပါတယ်။

လူတော်တော်များများဟာ မမြင်ရတဲ့ အရာနဲ့ ခြိမ်းခြောက်ရင် ကြောက်တတ်ကြတယ်လို့ ပြောစမှတ်ကြား ဖူးတယ်။ ဒါမျိုးတွေ ဟာ တကယ်တော့ လွဲမှားတဲ့ လက်ခံယုံကြည်မှုလို့လည်း ပြောဆိုသူတွေ ရှိတယ်။

ဧရာဝတီ ပရိသတ်ကရော တစ္ဆေ၊ သရဲ ရှိတယ်လို့ ယုံကြည်လက်ခံပါသလား၊ မရှိဘူးဆိုရင် ဘာကြောင့်မရှိတာ လဲ၊ ရှိတယ် ဆိုရင်ရော ဘယ်လို သက်သေတွေနဲ့ ပြောနိုင်မလဲ၊ လွတ်လွတ်လပ်လပ် ယဉ်ယဉ်ကျေးကျေး
ဆွေးနွေးနိုင် ပါတယ်။
အိမ့်သံစဉ် 
http://blog.irrawaddy.org/2014/07/blog-post_95.html

No comments:

Post a Comment