Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 19, 2014

အောင်ကြီး


လှည်းတန်မီးပွိုင့်တွင် ဟွန်းတီးအလေးပြုနေသည့် ယာဉ်မောင်းကိုငြိမ်းမင်းသူအား ကမာရွတ်မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ သုံးပွင့်ရာထူးရှိသည့် ယာဉ်ထိန်းရဲအရာရှိဦးအောင်ကြီးမှ လိုင်စင်သိမ်းသွားကြောင်းတာဝန်ခံ မောင်ရဲရင့်ခန့်မောင်မှသတင်းရရှိခဲ့ပါသည်။
ကားအမျိုးအစား.....suzuki R+
ကားနံပါတ်.....1C/9644
သတင်း-Dagon University Students' Union
အာဇာနည်နေ.မှာ ဟွန်းတီးပြီးအလေးပြုလို. လိုင်စင်အဖမ်းခံရတာ
ဂုဏ်ယူတယ်လို.ပြောကြားခဲ့တဲ့ ကိုငြိမ်းမင်းသူ။
================================================
လိုင်စံသိမ်းခံရသူ ကိုငြိမ်းမင်းသူကို မီဒီယာတစ်ဦးကမေးတယ်။
" လိုင်စင်သိမ်းခံရတဲ့အတွက် ဘယ်လိုခံစားရလဲ " တဲ့။ သူက
" ကျနော် ကျေနပ်တယ်။ ဂုဏ်ယူတယ်။ လိုင်စင်ဆိုတာ ပြန်လျှောက်လို့ရပါတယ်။ ဝမ်းမနည်းပါဘူး။ အာဇာနည်တွေကို ဟွန်းတီးပြီး အလေးပြုလိုက်ရတဲ့အတွက်
ကျနော် ဝမ်းသာပါတယ် " လို့ပြန်ဖြေသွားခဲ့ပါသည်။

ဖြစ်စဉ်မှာ လှည်းတန်မီးပွိုင့်တွင် ဟွန်းတီးအလေးပြုနေသည့် ယာဉ်မောင်း
ကိုငြိမ်းမင်းသူအား ကမာရွတ်မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ သုံးပွင့်ရာထူး
ရှိသည့် ယာဉ်ထိန်းရဲအရာရှိဦးအောင်ကြီးမှ လိုင်စင်သိမ်းသွားခဲ့ခြင်း
ကြောင့်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှပင် အာဇာနည်နေ.ကို ဥသြစွဲ
ပေးခြင်းအပြင်မီးသတ်ယာဉ်များဖြင့်ပင် ဥသြစွဲပေးနေချိန်တွင် ယခုကဲ့သို. ဖမ်းဆီးမှုလုပ်ဆောင်ခြင်းအပေါ် မေးခွန်းထုတ်စရာများဖြစ်နေပေသည်။ 
မနလေးတိုင်းတွင်မူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းကိုယ်တိုင်
မှ ကား၊မော်တော်ဆိုင်ကယ်များဖြင့် ဟွန်းတီးအလေးပြုနိုင်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

သတင်းဓါတ်ပုံ- Ya Minn Eain.FB.



No comments:

Post a Comment