CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 1, 2014
မိုးသည်းလွန်းသည့်အချိန်၌ Auto Gear ကားများ ဘရိတ်ကို သတိထားဖမ်းသင့်
မိုးသည်းလွန်းသည့်အချိန်တို့ ၌ Auto ဂီယာကားများ ဘရိတ်ဖမ်းရာမှ စလစ်ဖြစ်မှုပိုများနိုင်သည့် အတွက် မိုးတွင်းကာလ မိုးသည်းလွန်းသည့် 
အခါတို့တွင် အရှိန်လျှော့မောင်းနှင်သင့်ကြောင်း အခြေခံယာဉ်မောင်း နှင့် စက်ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာ သင်တန်းကျောင်းမှ ကျွမ်းကျင်ပညာရှင်များက သတိပေးထားပါသည်။
“အဓိက Auto ဂီယာမှာ ဘရိတ်ဖမ်းတဲ့အခါ Down ဂီယာမပါ တဲ့အတွက် အထူသတိထား မောင်းနှင်သင့်တယ်။ Auto မှာ ကွန်ထရိုး မရှိဘူး။ ကျန်တဲ့အချိန်ထက် မိုးပြင်းထန်လွန်းရင် အကွေ့တွေ၊ ယာဉ်ရပ်နားရာတွေမှာ ပိုပြီးသတိထားသင့်တယ်။
Manual မှာကျတော့ ကလပ် ကွန်ထရိုးပါတဲ့အတွက် Speed ကို ထိန်းနိုင်တယ်။ မိုးတွင်းမှာ အန္တရာယ်ကင်းတယ်” ဟု စက်မှုပြုပြင်သင်တန်းနှင့် အခြေခံ
ယာဉ်မောင်း သင်တန်းကျောင်းမှ ဆရာ ဦးကျော်ညွန့် ကပြောပြခဲ့သည်။
ထိုသို့ Auto ကားများ မိုးရာသီစလစ်ဖြစ်ရခြင်း၏ တခြားအကြောင်းအရာများမှာ ယာဉ်မောင်းမှ ကားမောင်းပိုင်နိုင်မှု မရှိသေးခြင်း၊ ကား၏ ပစ္စည်းပိုင်းဆိုင်ရာ စက်နှင့် မရင်းနှီးသေးခြင်း၊ ကား၏ Body ပေါ့ပါးနေခြင်းနှင့် ကားစထွက်နှင့် ဘရိတ်စနစ်သာ ပါရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
“Auto က Manual ထက် အားနည်းချက် အများကြီးရှိတယ်။ Safe ဖြစ်မှုက Auto က အားနည်းတယ်။ Auto မောင်းရတာလေးပင်မှု မရှိဘဲပေါ့တယ်။ ဒါကြောင့် ကားမောင်းသမားကို လွယ်ကူစေတဲ့အတွက် သတိထိန်းချုပ်မှု လွတ်သွားနိုင်တယ်။
Auto မှာ ကလပ်ကွန်ထရိုး မရှိတဲ့အတွက် ဘရိတ်အုပ်တဲ့အခါ အမြန်မောင်းနေရင် Down ဂီယာမရှိတဲ့ အတွက်ရော၊ ကား Body ပေါ့ပါးနေတဲ့အတွက် လည်ထွက်သွားတတ်တယ်။ Down ဂီယာမပါတဲ့အတွက် မိုးသည်းလွန်းရင် သတိထားဘရိတ် အုပ်သင့်တယ်”
Credit to >> MoeZac Auto
www.motors.com.mm
မိုးသည်းလွန်းသည့်အချိန်၌ Auto Gear ကားများ ဘရိတ်ကို သတိထားဖမ်းသင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 01, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 01, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment