Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 22, 2014

ပန်းခင်းကို ပိုးသတ်ဆေးဖျန်းပြီး လက်မဆေးဘဲ ထမင်းစားသူသေဆုံး

22 April 2014
ညောင်နှစ်ပင်ညီလာခံ ၀င်းအတွင်းရှိ ပန်းခင်းတွင် ပိုး သတ်ဆေးဖျန်းပြီး အိမ်ပြန်ကာ လက်မဆေးဘဲ ထမင်းစားခဲ့သည့် ခြံစိုက်ပျိုးရေးလုပ်သူတစ်ဦး မူးဝေ အော့အန်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

လှည်းကူးမြို့နယ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်(၃)ရှိ ညောင်နှစ်ပင်ညီလာခံဝင်းအတွင်းရှိ ပန်းခင်းတွင် စိုက်ပျိုးရေးလုပ်သူ အမျိုးသားတစ်ဦးသည် ဧပြီ ၂၀ရက်ညနေက ၎င်းစိုက်ပျိုးထားသည့် ပန်းခင်းသို့ ဖန်သိုအိတ်ခ်ျအမျိုးအစားပိုးသတ်ဆေးရည်ဖြင့် သွားရောက်ပက်ဖျန်းခဲ့သည်။

ထို့နောက် အိမ်သို့ပြန်လာ ကာ ထမင်းစားစဉ် မူးဝေအော့အန် လာသဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သန်းခေါင်ယံတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ စစ်ပြီးပြီ။ သူ က တစ်ကိုယ်ရေသန့်ရှင်းမှုအား နည်းတာရယ်၊ ပိုးသတ်ဆေးက  နည်းနည်းပြင်းတော့ အခုလိုဖြစ် သွားတာ’’ဟု အမှုစစ်ရဲအရာရှိ တစ်ဦးကပြောသည်။

  သေဆုံးသူတွင် ဇနီးနှင့် ကလေးနှစ်ဦးကျန်ခဲ့ပြီး သပြေနှင့် ဂန္ဓမာပန်းများကိုကိုယ်တိုင်စိုက် ပျိုးရောင်းချသည့် အလုပ်လုပ် ကိုင်ကြသည်။ အဆိုပါ ဖန်သို အိတ်ခ်ျအမျိုးအစားပိုးသတ်ဆေး ရည်ကြောင့် အခြားဒေသများတွင် လည်း သေဆုံးမှုများကြုံတွေ့ဖူး သည်ဟု အထက်ပါအရာရှိက ပြောသည်။

Author:  သန်းဌေး

7DAY DAILY
via Thit Htoo Lwin


ပိုးသတ်ဆေးဖျန်းနေပုံ

No comments:

Post a Comment