Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 9, 2014

မြေသိမ်းမှုတွေ ဘာ့ကြောင့် ဆက်ဖြစ်နေတာလဲ မရှိမဖြစ်အမတ် ပြောပြီ

ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းပြီဆိုကတည်းက အခုထိ နေရာအနှံ့အပြားမှာ ပေါ်ပေါက်နေဆဲ မြေယာသိမ်းဆည်းမှုတွေဟာ အဆုံးမသတ်နိုင်သေးပါဘူး။ ရန်ကုန်တိုင်းမှာတင် ဧက ၅သောင်းနီးပါးအတွက် တိုင်စာ တစ်ထောင်ကျော်ရှိနေတာပါ။ ဘာဖြစ်လို့ မြေသိမ်းမှု အငြင်းပွားတာတွေ ဖြစ်နေရတာလဲ။
ကုမ္ပဏီနဲ့ လယ်သမားတွေကြား မြေယာကိစ္စ အငြင်းပွားမှုတွေ ရှိနေတဲ့အချိန် လယ်ယာမြေကို အခြား နည်းလမ်းနဲ့ သုံးစွဲခွင့်လို့ခေါ်တဲ့ လန ၃၉ကို ခွင့်ပြုပေးလိုက်တာဟာ မတရားမှုဖြစ်နေတယ်လို့ တောင်ဥက္ကလာ လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက ဆိုပါတယ်။
လယ်ယာမြေ အငြင်းပွားမှုဆိုင်ရာ ဆွေးနွေးပွဲကို လယ်သမား၊ လွှတ်တော်အမတ်နဲ့ အရပ်ဖက်အဖွဲ့တွေ အကြား စုပေါင်းအဖြေရှာဖို့အတွက် မျှဝေကရုဏာ ပရဟိတအဖွဲ့က ဧပြီ ၉ရက်နေ့ကစပြီး နှစ်ရက်ကြာ ပြုလုပ်နေပါတယ်။ မြေသိမ်းခံရမှု ပုံသဏ္ဍာန် ၅မျိုးကိုလည်း ခေါင်းစဉ်တွေခွဲပြီး ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်က မြေသိမ်းမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးခဲ့တဲ့ ဦးဟန်ဝင်းစိန်ကတော့ မြေတွေကို မြန်မာစစ်တပ်က သိမ်းယူနေတာဟာ မြေသိမ်းဥပဒေနဲ့ရော နည်းဥပဒေအရပါ ချိုးဖောက်နေတာဖြစ်ပြီး ပိုင်ဆိုင်ကြောင်း မပြနိုင်တဲ့ လယ်သမားတွေဟာ ရပ်မိရပ်ဖတွေရဲ့ထောက်ခံချက်နဲ့ ပြန်လည်ပိုင် ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။
လယ်သမားတွေကို ဥပဒေအရ စောင့်ရှောက်မှုပေးနိုင်ဖို့ မြို့နယ်၊ ခရိုင် အာဏာပိုင်တွေကို ဖိအားပေးဖို့ ညောင်တုန်းက လယ်သမားကြီး ဦးခင်မောင်လွင်က ဆိုပါတယ်။
လယ်သမား ၃ဝလောက်ပါဝင်ပြီး ဦးအောင်သိန်းလင်း၊ ဦးကျော်မြင့်နဲ့ ဒေါက်တာညိုညိုသင်းတို့ တက်ရောက်တဲ့ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကို ပြည်ထောင်စုလွှတ်တော်အပါအဝင် နိုင်ငံတကာ NGO တွေဆီ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
kamayut media

No comments:

Post a Comment