-မြန်မာစကားပုံမှာလှစေချင်လို့ သွားချောင်တိုက်ရေစီးကမ်းပြိုလိုက်ဆိုတာ ဒီနာမည်ကျော်တွေ အတွက် ပေါ်လာတဲ့စကားပုံများလားထင်မှတ်ရပါတယ်။အမေမွေးပေးထားတဲ့ရုပ်ရည်ကိုမကျေနပ်နိုင်လို့  ပလတ်စတစ်ဆာဂျရီနည်းနဲ့ ခွဲစိတ်ပြု ပြင်ရာက သူတို့ လိုချင်တဲ့ရုပ်ရည်မရပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားကြသူတွေတပုံကြီးပါ။
အဲဒီအထဲမှာ ကမ္ဘာကျော်ပေါ့ဘုရင်မိုက်ကယ်ဂျက်ဆင်ကထိပ်ဆုံးကဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ သူ့ ရဲ့ နှာခေါင်းတစ်ခုထဲဆယ်ကြိမ်ခွဲစိတ်ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်ပုံမှာတွေ့ တဲ့အတိုင်းပါပဲ။ မခွဲစိတ်ခင်ကရှိခဲ့တဲ့ရုပ်ရည်လေးကမှ ကြည့်ပျော်ရှုပျော်လေးရှိပါသေးတယ်။
ဒီတစ်ယောက်က Donatella Versaceပါ။ သူက သူ့ နုတ်ခမ်းရယ်၊မျက်နှာကအရေးကြောင်းတွေရယ်၊နှာခေါင်းရယ်ကိုပြုပြင်ခဲ့ပါတယ်။
ခွဲစိတ်ပြုပြင်ပြီးတော့ ကာတွန်းကယ်ရီကေးချားရုပ်ထွက်လာပါလေရော။
သူက ခွဲစိတ်ပြီးလိင်ပြောင်းခဲ့တဲ့ Amanda Lepore ဖြစ်တယ်။ အားမရနိုင်သေးလို့ မျက်နှာကိုထပ်ခွဲစိတ်ပြု ပြင်လိုက်တာ အပေါ်ကပုံအတိုင်းဖြစ်လာပါတယ်။
ဒီတစ်ယောက်က ကိုးရီးယားက Hang Miokuဖြစ်ပါတယ်။ခဏခဏ ပလတ်စတစ်ဆာဂျရီလုပ်နေလို့ သူ့ ကို ခွဲစိတ်ပြု ပြင်ရတာကို စွဲနေသူလို့ တောင်ပြောကြပါတယ်။နောက်ဆုံးတော့ ဟင်းချက်ဆီတွေမျက်နှာအရေပြားထဲထိုးထည့်ပြီး အထက်ပါပုံအတိုင်းဖြစ်သွားတော့မှပဲ ဇတ်လမ်းကဆုံးသွားပါတယ်။
ဒီတစ်ယောက်က Jocelyn Wildensteinဖြစ်ပါတယ်။သူ့ မျက်နှာကိုခွဲစိတ်ပြုပြင်တာ ဒေါ်လာလေးသန်းမက ကုန်တယ်လို့ သိရပါတယ်။ သူ့ ကိုစွန့် သွားတဲ့ယောက်ျားကိုဆွဲဆောင်နိုင်အောင်ခုလို့ ခွဲစိတ်မှုတွေလုပ်ခဲ့တာ လို့ လည်းပြောကြပါတယ်။
ဒီတစ်ယောက်နာမည်ကြီးအမျိုးသားအဆိုတော်Pete Burns
သူကနာမည်ကျော် ရမ်ဘိုကားရဲ့ သရုပ်ဆောင်စတားလုံးရဲ့ မိခင်Jackie Stallone
ဖြစ်ပါတယ်။မျက်ခုံး၊နှာခေါင်း၊နုတ်ခမ်း အကုန်ပြုပြင်လိုက်တာတွေ့ တဲ့အတိုင်းပဲ။
ပျို မေတို့ ပင်ကိုယ်အလှနဲ့  ကျေနပ်လှပနိုင်ကြပါစေ။
MP4U






No comments:
Post a Comment