ယခုအစိုးရသစ်လက်ထက် တွင် အထက်ပိုင်းမှ ပြောင်းလဲနေ သော်လည်း အောက်ခြေ၀န်ထမ်း များက မပြောင်းလဲသေးဟု နိုင်ငံ ရေးသမားများက ဝေဖန်ပြောဆို မှုအပေါ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိအနေဖြင့် အပြောမခံနိုင်ကြောင်း ပြောဆို သည်။
ဧပြီလ ၂ ရက်က ဇေယျာ သီရိမြို့နယ်ရှိ ဒေသခံပြည်သူများ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့ တွေ့ဆုံပွဲတွင် ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
““ဒါကိုအချို့က ဝေဖန်ပြော ဆိုရာမှာ အထက်ကအပြောင်း အလဲလုပ်လည်း အောက်လူတွေက မပြောင်းလဲတဲ့အတွက် အခက် အခဲတွေရှိတယ်ဆိုတဲ့စကားကို အပြောမခံစေလိုပါဘူး။ ပြည်သူ့ ၀န်ထမ်းများကလည်း တာဝန်ကျ ရာဒေသမှာ စေတနာထားပြီး တော့ ဆောင်ရွက်ကြပါ””ဟု သူရ ဦးရွှေမန်းက ဆိုသည်။
၃ နှစ်သားအစိုးရသစ်လက် ထက်တွင် သန်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် လုပ်ငန်း ဆောင်တာများကို အထက်မှ အောက်သို့အစား အောက်မှ အထက်သို့ ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၎င်း၏ရေဒီယိုမိန့်ခွန်းများတွင် ထည့်သွင်းပြောဆိုထားသည်။
ဇေယျာသီရိမြို့နယ်ရှိဒေသခံ ပြည်သူများနှင့် တွေ့ဆုံရသည့် အကြောင်းအရင်းမှာလည်း ယင်း ကဲ့သို့အပြောမခံရစေရန် ဒေသခံ များ၏လိုအပ်ချက်များအကောင် အထည်ဖော်ပေးရန်နှင့် ဒေသခံ ပြည်သူများ၏အသံကိုနားထောင် ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုခဲ့သေးသည်။
ဖြိုးအောင်
via searchmyanmar

No comments:
Post a Comment