Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 24, 2014

အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်ပြီး တံတားအား ၀င်တိုက် အမျိုးသမီး တစ်ဦး သေဆုံးပြီး (၁၂)ဦးဒဏ်ရာရရှိ

24 April 2014
(၂၄-၄-၂၀၁၄) ရက်နေ့ နံနက်(၀၈း၃၀)နာရီ အချိန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း အသွားလမ်း မိုင် ၅၁/၁-၅၁/၂ ကြားတွင် Mitsubishi Pickup (အပြာရောင်) ယာဉ်အမှတ် - 6G/8837၊ ယာဉ်မောင်း ဦးဇော်မင်းလေး ၊ နောင်ချိုမြို့နေသူ မောင်းနှင်လာသော ယာဉ်သည် အရှိန်ဖြင့် မောင်းနေစဉ် ကားပေါ်မှ ဖွင့်ထားသော ရေဒီယိုအား လှမ်းပိတ်ရာမှ အိပ်ငိုက်ပြီး သတိလက်လွတ်ဖြစ်ကာ တံတား လက်ရမ်းများနှင့် ပလက်ဖောင်းများအား ၀င်တိုက်မိကာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးဇော်မင်းလေး  (၃၃)နှစ် (ဘ)ဦးဘသန်း၊ ဘူတာလမ်း၊ (၃)ရပ်ကွက်၊ နောင်ချိုမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် - 6G/8837 ခွေးဘီလူး အပြာရောင်ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအ၀င် စုစုပေါင်း (၁၄)ဦး လိုက်ပါ လာကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့်  ယာဉ်၏ နောက်ခန်းတွင် လိုက်ပါလာသည့် ဒေါ်သန်း (ဘ)အုန်းဖေ၊  သဖန်းကိုင်းကျေးရွာ၊ နောင်ချိုမြို့နေသူမှာ သေဆုံးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၂)ဦးမှာ ဒဏ်ရာ အသီးသီး(မစိုးရိမ်ရ)ရရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ယာဉ်မောင်း ဦးဇော်မင်းလေး အား ဘောနီအမြန်လမ်းရဲစခန်း ယာဉ်(ပ)၆/၂၀၁၄ ပြစ်မှုပုဒ်မ၊ ၃၀၄-က/၃၃၇/၃၃၈ မှ အမှုဖွင့် အရေးယူထားကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါသည်။

ကိုသန့် ဇင်

BY THIT HTOO LWIN
ဓါတ်ပုံ - Coko Dmoe 



No comments:

Post a Comment