CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, April 3, 2014
မျက်လုံးပိတ်ပြီး လမ်းလျှောက်လျှင် စက်ဝိုင်းပတ်လှည့်မည်
စိတ်နဲ့ ခန္ဓာဗေဒ လေ့လာသူများ ရရှိထားတဲ့ အဖြေ တစ်ခု ဖြစ်ပါတယ်။ အကယ်၍ လူတစ်ယောက်ကို မျက်လုံး ပိတ်ပြီး လမ်းလျှောက်ခဲ့ရင် ဘယ်လို မှ မတည့်နိုင်ပဲ ပိုထူးခြားတာက စက်ဝိုင်း ပုံသဏ္ဍာန် လှည့ပတ်နေမှာ ဖြစ် ပါတယ်။
အကြောင်းကတော့ ဒီလိုပါ။ လူတွေရဲ့ ခြေထောက် နှစ်ဖက်မှာ တစ်ဖက်ဖက် ဟာ ပိုလို့ အားသန်ကြ ပါတယ်။ အချို့ က ဘယ်သန်ပြီး အချို့က ညာသန် ပါတယ်။ ဒီတော့ ညာသန်ရင် ညာဘက်စက်ဝိုင်းပတ်ပြီး ဘယ်ဘက် သန်ရင် ဘယ်ဘက် ပတ် ပါတယ်။ စက်ဝိုင်းကြီးတာနဲ့ စက်ဝိုင်းသေးတာနဲ့ပဲ ကွာပါ တယ်။ ဥပမာ ဘာ လမ်းကြောင်းမှ မရှိတဲ့ သဲကန္တာရထဲကို လွတ်လိုက်ရင် ယင်းလူဟာ တည့်တည့်လျှောက်တယ်လို့ ထင်ပေမယ့် အမှန်တော့ စက်ဝိုင်း အကြီးကြီး လှည့တ်ပတ် လျှောက်ခြင်းသာ ဖြစ်ပါတယ်။
အကယ်၍ ဘယ်လို သံလိုက်အိမ်မြောင်၊ လမ်းပြ ကြယ်များ မကြည့် မသုံးရင် စက်ဝိုင်းပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို လူတွေကို မျက်လုံး ပိတ်ပြီး လမ်းလျှောက်စေရင် အတည့် လုံးဝ မဖြစ်ပဲ စက်ဝိုင်း ပုံသဏ္ဍာန် ဖြစ်နေ မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:dykfact
အောင်ခမ်း (www.innewsmyanmar.com)
မျက်လုံးပိတ်ပြီး လမ်းလျှောက်လျှင် စက်ဝိုင်းပတ်လှည့်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 03, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 03, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment