- 13 January 2014 |
- By Manawmaya Journal
နောက်နေ့မှာ ခုနပြောတဲ့အစီအစဉ် အတိုင်းသွားပြီး ပွဲတွေသွားလှူ မယ်လို့ စိတ်ကကြိုရောက် ထားပြီးသားပါ။ ပထမနေ့အစီအစဉ် အောင်မြင်ခဲ့ပြီမို့ ဒုတိ ယနေ့အစီအစဉ် သွားဖို့အတွက် လိုက်ပို့ပေးမယ့် သူကိုမျှော်ရင်း မနက်ပိုင်း ကတည်းက လည်ပင်းရှည် အောင်စောင့်နေရပါတယ်။ ဒါပေမဲ့ လိုက်ပို့မယ့်သူ ရောက်မလာဘဲ ဆေးကုမယ့်သူတွေသာ ရောက် လာကြပါတယ်။သူတို့က မိသားစုလိုက် လာကြတာပါ။ အမေရယ်၊ သားရယ်၊ သမီးရယ်၊ ချွေးမနဲ့ မြေး သုံးယောက် ပါလာပါတယ်။ သူတို့မှ မမြင်အပ်သော မိစ္ဆာပညာနဲ့ တိုက်ခိုက်ခံထားရလို့ ပညာစက်တွေကို ရှင်းပေးလိုက်ရပါတယ်။ သိပ်အများကြီးလည်း မဟုတ်တာကြောင့် ခဏလေးနဲ့ ပြီးသွားပေမယ့် ကျန် တဲ့တစ်ယောက်ကို စစ်ကြည့်လိုက်တဲ့အခါ အင်္ဂါသမီးလေးက သိုက်ကလာတာလို့ သိလိုက်ရပါ တယ်။ဒါကြောင့် သိုက်ချုပ်ဘိုးတော်ကို ခေါ်သွင်း လိုက်တယ်။ ရောက်လာတယ်ဆိုရင်ပဲ ဘိုးတော်က တော်တော်စိတ်မကောင်းဖြစ်နေပုံနဲ့"
ဒီကလေးက မလိမ္မာဘူး ...၊ ကျုပ်တို့ကို အသိအမှတ်မပြုဘူး ...၊ ဒါကြောင့် သူ့အစ်ကို နှစ်ယောက်က သူသိအောင် လုပ်ပေးထားတာပါ၊ ဒါပေမဲ့ သူတို့က သူတို့ညီမလေးကို ပြန်မခေါ်ပါဘူး" " သူ့သိုက်နန်းကဘယ်မှာလဲ ...၊ သူက ဘာကိုမသိတတ်တာလဲ ပြောပါဦး ..."
" သိုက်က ရွှေစာရံမှာပါ ...၊ သူမသိတတ် တာက သူသိုက်နန်းနားကိုရောက်လာတယ် ...၊ ရောက်တာမှ ခဏခဏကို ရောက်လာတယ် ...၊ ဒါပေမယ့် ကျုပ်တို့ကိုဘာမှလုပ်မပေးဘူး သူနဲ့ မဆိုင် တဲ့သူတွေကိုပဲ လုပ်ပေးပြီးပြန်သွားတယ် ...၊ အဲဒါက သူမသိတတ်လို့ပေါ့ .." ကျွန်ုပ်လည်း နဘေးရှိ ကာယကံရှင်ကို မေး လိုက်ရာ သူမကလည်းရွှေစာရံသို့ မကြာခဏရောက် ကြောင်း ပြောပါတယ်။
" သမီးတို့ကရွှေစာရံကို တစ်ပတ်တစ်ခါ လောက်ရောက်ပါတယ် ...၊ ဒါပေမဲ့ ဘာမှမသိလို့ ဘာမှမလုပ်ဖြစ်တာပါ .."
" ဘာသွားလုပ်တာလဲ ..
." ကျွန်ုပ်မေးခွန်းကိုကြားဝင်ဖြေပေးလိုက်သူက အင်္ဂါသမီးရဲ့ယောက်မဖြစ်ပါတယ်။ သူမကချက်ချက် ချာချာရှိပြီး ဝင်ရောက်ပြောပြခြင်းပါ။ " အဲဒီမှာကလေးသိုက်ဆိုတာရှိပါတယ် ဆရာ ...၊ ကျွန်မယောကျာ်းက ကလေးချစ်တတ် လို့ အဲဒီကလေးသိုက်က သိုက်နန်းရှင်ကလေးတွေ ကို အပတ်စဉ်မုန့်ဝယ်ကျွေး၊ အဝတ်အစားတွေသွား ပေး၊ အလှကုန်တွေသွားပေး လုပ်နေတာပါ ...၊ သွားရင် တစ်အိမ်လုံးသွားကြတာမို့ ဒီအင်္ဂါသမီးလည်း အမြဲပါတယ်ဆရာ .."
" ကလေးသိုက် .." ကျွန်ုပ်မကြားဖူးသောကြောင့် တအံ့တသြ ဖြစ်သွားရပါတယ်။ " ဟုတ်ပါတယ်ဆရာ ...၊ ရွှေစာရံမှာ ကလေးသိုက်ဆိုတာရှိပါတယ် ." " တော်ကြီး သူတို့လာတာက ကလေးသိုက်ဖြစ်နေတာ ရယ်၊ သူကိုယ်တိုင်ကလည်း ဘိုးတော်တို့သိုက်က ဆိုတာ မသိထားတာရယ်ကြောင့် ဘာမှလုပ်မပေးဖြစ် တာကို ခွင့်လွှတ်ပေးပါ ...၊ သူနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်လဲ ...၊ လိုအပ်တာတွေပြောပါ၊ အင်္ဂါသမီးက လုပ်ပေးပါလိမ့်မယ် ..." " ပွဲလှူပေးပါ .."
" ဟုတ်ကဲ့ လှူပေးပါ့မယ် ...၊ ဘုရားမှာလာ လှူရင်ရတယ်မဟုတ်လား .."
" ရတယ်ကလေးသိုက်တွေ ညာဘက်နား မှာလှူပေး၊ တို့ကိုခေါ်လိုက်၊ တို့လာခဲ့မယ် ..."" စိတ်ချပါ လှူပေးပါ့မယ် ...၊" ထို့နောက်ကျွန်ုပ်လည်း အင်္ဂါသမီးသိုက်ချုပ် ကို သစ္စာဆိုခိုင်းလိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ ပြီးတာနဲ့ ကျွန်ုပ်စိတ်ဝင်စားနေတဲ့ ကလေးသိုက်ဆို တာကို ခေါ်လိုက်မိပါတယ်။ ရောက်လာကတည်းက ကျွန်ုပ်ကိုလည်း စိတ်မဝင်စားကြပါဘူး၊ မလှမ်းမကမ်းမှာကစားနေတဲ့ ကလေးတွေကိုလှမ်းကြည့်ပြီး တဟီးဟီးတဟားဟား လုပ်နေပါတယ်။" ဘာတွေဖြစ်နေကြတာလဲ ...၊"
": ဘာမှမဟုတ်ပါဘူး ..၊ ဟိုမှာ သူငယ်ချင်း တွေတွေ့လို့ ..."
" ဘာသူငယ်ချင်းလဲ ..." " သူတို့တွေလေ၊ သူတို့ကကျွန်တော်တို့ သူ ငယ်ချင်းတွေပါ ...၊ ဒီကမမတွေလာပြီး မုန့်တွေ ကျွေး၊ အဝတ်တွေပေး၊ ရှီးရှီးတွေပေးပြီးလို့ သူတို့ ပြန်သွားတာနဲ့ ကျွန်တော်တို့ကသူတို့နဲ့လိုက်သွားပြီး ခြံထဲမှာလိုက်ဆော့ပါတယ် ...၊ ဒါကြောင့် သူတို့နဲ့ ကျွန်တော်တို့က သူငယ်ချင်းတွေဖြစ်နေတာလ"
" သြော် ဒီလိုလား ...၊ မင်းတို့လျှောက် သွားနေကြတာကို သိုက်ထဲကတာဝန်ရှိသူတွေက ဘာမှမပြောဘူးလား ..."" သူတို့မသိအောင်သွားတာပေါ့ .."
" အေး ဒါဆိုရင် မယ်တော်ကြီးစောမွန်လှကို ဒီအကြောင်းတွေပြောပြလိုက်မယ် ..."
" မပြောပါနဲ့ ...၊ မယ်တော်ကြီးသိသွားရင် ကျွန်တော်တို့နောက်ဆို သူငယ်ချင်းတွေ အိမ်သွား လို့မရတော့ဘူးဖြစ်နေပါ့မယ် .." သူတို့ဆီကိုအပါတ်စဉ်လာနေတဲ့ အင်္ဂါသမီး မိသားစုကိုလည်း ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်ရင်း-"
မမ ...နောက်ဆို ရှီးရှီးတွေ များများ ယူလာခဲ့နော် .."" အေးပါ အေးပါ ယူလာခဲ့ပါ့မယ် ..."
" ဘော်ဒီစပရေးလို၊ ရေမွှေးလို နှိပ်ရတဲ့ ဘူး မျိုးတွေကို သူတို့က သိပ်ကြိုက်တာတဲ့ ...၊ ကျွန်မ တို့ကို အိပ်မက်ပေးပြီးပြောဖူးတယ် ..."
" နေပါဦး ...၊ သူတို့ကမင်းတို့ကို အမြဲလာ ပေးနေ ...၊ ကျွေးနေတယ် ...၊ မင်းတို့ကရော သူတို့ကို ဘာတွေပြန်လုပ်ပေးလဲ ..."
" မမတို့စိတ်ချမ်းသာအောင်လုပ်ပေးတယ်၊ ပိုက်ဆံတွေအများကြီးဝင်အောင် လုပ်ပေးတယ်၊ (လက်ညှိုးနှစ်ချောင်းပူးပြပြီး) သူတို့ နှစ်ယောက် တည့်အောင်လည်းလုပ်ပေးတယ် ...
" ရွှေစာရံကိုရောက်ကြတဲ့ မန်းသူမန်းသားများ နဲ့ ဘုရားဖူးများ ကိုသိစေဖို့ ဒီအကြောင်းကိုရေးပြ လိုက်တာပါ။ ရွှေစာရံဘုရားပရဝဏ်ထဲမှာ ကလေး သိုက်ဆိုတာရှိပြီး သူတို့ကို မုန့်တွေ၊ ရေမွှေးနဲ့ ကစား စရာတွေပေးရင် ကိုယ့်အိမ်ကကလေးတွေနဲ့ ကိုယ့် မိသားစု စိတ်ချမ်းသာအောင် စောင့်ရှောက်ပေးတတ် ကြောင်း အသိပေးလိုက်ခြင်းဖြစ်ပါတယ်။ တစ်ခေါက်တစ်ခါရောက်သွားရင် ကလေး သိုက်နေရာကို မေးပြီး မုန့်ပဲသရေစာနဲ့ အလှအပ ပစ္စည်းလေးတွေ ဒါနပြုပေးဖို့မေတ္တာ ရပ်ခံလိုက်ပါရ စေ ...။

No comments:
Post a Comment