သီဟနိုင် on 2014-03-12 17:07မကြာခင် ဒေတာကပ်ခွာကို သုံးပြီး ကွန်ပျူတာတွေကနေ ဒေတာကူးနိုင်
ပို့နိုင်တော့မှာပါ။ သိပ္ပံပညာရှင်တွေဟာ ကပ်ခွာနုတ်တွေနဲ့ သဏ္ဍာန်တူတဲ့ data
storage deviceတွေကို တီထွင်လိုက်ပါတယ်။ ပြီးတော့ ကွန်ပျူတာတစ်လုံး၊
ဒါမှမဟုတ် တခြားစက်တစ်ခုခုမှာ ကပ်လိုက်ရုံနဲ့ ဒေတာ အလွှဲအပြောင်း
လုပ်နိုင်တယ်လို့ သိရပါတယ်။သေးငယ်ပြီး စက္ကူအလား ပါးလွှာတဲ့ driveတွေကို Datastickies လို့ခေါ်ပါတယ်။ တကယ့် ကပ်ခွာနုတ်တွေလိုပဲ တစ်ခုပေါ်တစ်ခုထပ်ပြီး ကပ်ထားလို့ရပါတယ်။ လိုအပ်ရင် ဆွဲခွာပြီး အသုံးပြုရမှာပါ။
Graphene တွေနဲ့ လုပ်ထားပြီး 32G သိုလှောင်မှုပမာဏထိရှိတဲ့ driveတွေကို ရောင်းချပေးပါလိမ့်မယ်။ Graphene ဆိုတာက ကာဗွန်အက်တမ်တွေနဲ့လုပ်ထားပြီး လျှပ်စစ်ကူးအားကောင်းတဲ့ အရာတစ်ခုပါ။
Datastickies driveတွေရဲ့ ဈေးနှုန်းနဲ့ စတင်ရောင်းချပေးမယ့် နေ့ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Ref:dailymail.com
Trend Myanmar
No comments:
Post a Comment