Jack the Ripper on 2014-03-14 11:55Hip-hop ဂီတရဲ့စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Afrika Bambaataa ဟာ
Grandmaster Melle Mel, Grandmaster Caz, Grand Wizard Theodore
တို့နဲ့ပူးပေါင်းပြီး အဆိုပါ ဂီတအမျိုးအစားကို ရည်ညွှန်းတဲ့ ပြတိုက်တစ်ခု
ဖြစ်ပေါ်လာအောင်စီစဉ်ဖို့ရှိနေပါတယ်။အဲဒီ့ပြတိုက်ကို New York မြို့ The Bronx အရပ်မှာတည်ရှိပြီး အသစ်ပြန်လည်မွမ်းမံထားတဲ့ Kingsbridge လက်နှက်တိုက်မှာ ၂၀၁၇ နှစ်အမှီဖွင့်လှစ်ဖို့မျှော်လင့်ထားတယ်လို့ New York Times ရဲ့အဆိုအရသိရပါတယ်။
“လူတော်တော်များများက hip-hop ဘာလဲဆိုတာကို အထင်အမြင်လွဲနေကြတယ်။ Hip-hop လို့ပြောရင် ဒါ rapper တစ်ယောက်ပဲလို့သူတို့ဆိုကြတယ်။ ပြီးတော့ ယဉ်ကျေးမှုတရပ်လုံးနဲ့ အဲဒီ့နောက်မှာလှုပ်ရှားမှုတစ်ခုလုံးရှိနေတယ်” လို့ Bambaataa ကပြောပါတယ်။
အသက် ၅၆ နှစ်အရွယ် rapper ကြီး Bambaataa ဟာ ဒီပြတိုက်အတွက် အမှုဆောင်ကော်မတီအနေနဲ့တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ပြတိုက်ဖြစ်ပေါ်လာအောင် ရန်ပုံငွေကူရှာပေးမှာဖြစ်ပါတယ်။
Ref:starpulse.com
Trend Myanmar
No comments:
Post a Comment