သီဟနိုင် on 2014-03-08 11:58Google ရဲ့ ပင်မစာမျက်နှာမှာ doodle တစ်ခုဆွဲပြီး နိုင်ငံတကာ
အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။ ပညာရေးအခွင့်အရေး တက်ကြွသူ Malala
Yousafzai နဲ့ ဗြိတိန် စီးပွားရေးပညာရှင်၊ ပရဟိတ ၀န်ထမ်း Camila
Batmanghelidjh တို့အပါအ၀င် ကမ္ဘာတစ်လွှားက အမျိုးသမီးတွေရဲ့ အကြောင်း
ဗီဒီယိုဖိုင်တွေကိုလဲ ဂုဏ်ပြုပြီး ထည့်သွင်းပေးထားပါတယ်။အမျိုးသမီး ခရိုမိုဆုမ်း ၂၇ခုနဲ့ ပုံဖော်ထားတဲ့ doodle နဲ့အတူ အမျိုးသမီး အယောက် ၁၀၀ကျော်ရဲ့ မျက်နှာတွေ ပါဝင်တဲ့ ဗီဒီယို တစ်စုံကို Google ရဲ့ creative အဖွဲ့က ပူးတွဲတင်ပြထားပါတယ်။ ဘယ်လ်ဂျီယံ၊ ကွန်ဂိုက အဆိုတော်အဖွဲ့ Zap Mama ရဲ့ သီချင်းတစ်ပုဒ်လဲ ပါပါတယ်။ Lithuania နိုင်ငံသမ္မတ Dalia Grubauskaite ရဲ့ ရုပ်ပုံပါ ပါလိုက်ပါသေးတယ်။
Doodle ဆွဲရတဲ့ Google ရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာပေါ်မှာ ကိုယ့်ဘ၀ကိုယ် ကောင်းကျိုးပြုတဲ့နေရာမှာ အာရုံစိုက် လုပ်ဆောင်နေသူ အမျိုးသမီးတွေ ရှိတယ်ဆိုတာကို ချပြချင်တာပါပဲ။
လူဦးရေ ပေါများလာပြီး တော်လှန်ရေးဝါဒီ အမြင်စနစ်တွေ ပေါ်ပေါက်လာတဲ့ စက်မှုထွန်းကား ကမ္ဘာကြီးမှာ အုံကြွမှုတွေဖြစ်ခဲ့တယ်။ ၁၉၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလတုန်းက ပေါ့။ အဲ့ဒီ့အချိန်ကစပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ဆိုတာကို တွေ့ရတယ်။ အမေရိကရဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများနေ့ ကိုတော့ ၁၉၀၉ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ အမေရိက အနှံ့ ကျင်းပခဲ့ကြတယ်။
Ref:theguardian.com
No comments:
Post a Comment