CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, March 2, 2014
ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများကို တပ်သားသစ် စုဆောင်းနေဆဲဟုပြော
Monday, March 3, 2014
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)က ဒေသခံရှမ်းတိုင်းရင်းသားမျိုးနွယ်စုများကို KIA ကချင်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားသစ် စုဆောင်းနေဆဲဖြစ်တယ်လို့ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ပြောဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း တပ်သားသစ် စုဆောင်းခံရတဲ့ ဒေသခံရှမ်းမျိုးနွယ်စုများကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)က နယ်မြေအလိုက် တာဝန်ခွဲ၍ စာရင်းကောက်ခံနေလျက်ရှိရာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မြစ်ဆုံ တယန်စွပ်ရွှေမှော်မှာ ရွှေကျင်လုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ မိုးညှင်းမြို့နယ်၊ ပင်းဟဲကျေးရွာက မောင်စည်သူအောင်နဲ့ မောင်သြဘာတို့ကို KIA အဖွဲ့က တပ်သားသစ် စုဆောင်းရေးအနေနဲ့ ဖမ်းဆီးစုဆောင်းခြင်းကို ခံခဲ့ရတယ်လို့လည်း ဦးစိုင်းသာဇုံက ပြောဆိုပါတယ်။
ဒေသခံရှမ်းတိုင်းရင်းသားများကို ဖမ်းဆီးစုဆောင်းခြင်းမရှိပါဘူးလို့ ကေအိုင်အိုက ငြင်းဆိုထားသော်လည်း အဖမ်းအဆီးခံ ရှမ်းလူငယ်များအရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စရပ်တွေကို KIO နည်းပညာအထောက်အကူအပြုအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုထားတာကို ယခုအထိ အကြောင်းပြန်ကြားမှု မရှိသေးဘူးလို့လည်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ဦးစိုင်းထွန်းရင်က ပြောဆိုပါတယ်။
ကေအိုင်အေ မိုင်ဂျာယန်စခန်းမှာ စစ်သင်တန်းဆရာမအဖြစ် (၄)လခွဲ လုပ်ကိုင်ခဲ့ဖူးပြီး ထွက်ပြေးလာခဲ့တဲ့ မံစီမြို့နယ်၊ ကောင်လွင်ရွာက ရှမ်းအမျိုးသမီးငယ်တစ်ဦးကတော့ “သူမ ပေးခဲ့ရတဲ့ စစ်သင်တန်း (၃)သုတ်မှာ ကချင်လည်း ပါတယ်၊ ရှမ်းလည်းပါတယ်၊ ပြန်ချင်တဲ့သူ ပြန်လွှတ်ပေးမယ်ဆိုရင် အကုန်လုံး ပြန်ချင်သူတွေချည်းပဲ၊ တချို့တလေပဲ စိတ်ပါဝင်စားတယ်၊ စိတ်မ၀င်စားတဲ့သူက ပိုများတယ်၊ စိတ်ပါဝင်စားပြီး ၀င်တဲ့သူက ကချင်တွေပိုများတယ်၊ ရှမ်းတွေကတော့ စိတ်မ၀င်စားကြဘူး၊ ခေါ်သွားပြီးနောက်ပိုင်းမှ စိတ်ဝင်စားသွားတဲ့သူ တယောက်တလေတော့ ရှိပါတယ်” လို့ ပြောဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း ဒေသခံရှမ်းမျိုးနွယ်စုများအပေါ် KIA ကချင်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားသစ် စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ဟုဆိုကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက KIO,KIA အဖွဲ့ကို မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စု တစ်သောင်းဝန်းကျင်က လူထုအခမ်းအနားနဲ့ ဆန္ဒထုတ်ဖေါ်ခဲ့ဖူးပြီး အဆိုပါ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေမှုများကြောင့်ပဲ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ကချင်ပြည်နယ်အတွင်း ပြည်သူ့စစ်အင်အား ငါးထောင်အထိ ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဖျားဆီက
ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများကို တပ်သားသစ် စုဆောင်းနေဆဲဟုပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment