Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 23, 2014

အမေရိကန် အစိုးရ၏ အင်တာနက် သူလျှို လုပ်ငန်းသည် ဒီမိုကရေစီကို ခြိမ်းခြောက် နေဟု ဂူဂဲ ထူထောင်သူ လာရီပေ့ဂ်ျ ပြော

(File photo: Reuters) 
Sunday, March 23, 2014

အမေရိကန် အစိုးရ၏ အင်တာနက် ထောက်လှမ်း စောင့်ကြည့်မှု များသည် ဒီမိုကရေစီ ရှင်သန်ရေးကို ခြိမ်းခြောက် နေကြောင်း ဖြင့် ဂူဂဲ ထူထောင်သူ လာရီပေ့ဂ်ျက ဝေဖန် ပြောကြား လိုက်သည်။

““အမေရိကန် အစိုးရဟာ အင်တာနက် ကို နှစ်တွေနဲ့ချီပြီး လျှို့ဝှက် စောင့်ကြည့် နေ ခဲ့တယ်။ ပြည်သူ တွေကို တစ်ခုမှ အသိမပေး ဘူး။ ဒီမိုကရေစီ နိုင်ငံမှာ ဒီလိုမျိုးဖြစ်တာ အ တော် စိတ်ပျက်ဖို့ ကောင်းပါတယ်”” ဟု မစ္စတာ ပေ့ဂ်ျက TED စကားပြော အစီအစဉ်တွင် ပြောကြား သွားသည်။

““အကြမ်းဖက် သမားတွေရဲ့ အွန်လိုင်း လှုပ်ရှားမှု တွေကို စောင့်ကြည့်တဲ့ ကိစ္စကို လျှို့ ၀ှက် ထား တယ်ဆိုရင် ကျွန်တော်တို့ နား လည်ပေး နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုထောက် လှမ်းရေးမျိုး လုပ်နေတယ် ဆိုတာကို တော့ ပြည်သူတွေကို အတိုင်း အတာ တစ်ခုအထိ အသိပေး ထားလို့ရနိုင် ပါလျက်နဲ့ အသိမပေး ခဲ့တာဟာ ဒီမိုကရေစီ မဆန်တာ ဖြစ်ပါတယ်”” ဟု မစ္စတာ ပေ့ဂ်ျက ပြောသည်။

အမေရိကန် အမျိုးသား လုံခြုံရေးဌာန (NSA) ၏ ကမ္ဘာတစ်ဝန်း ဖုန်းနှင့် အင်တာနက် သူလျှို လုပ်ငန်း များကြောင့် ကမ္ဘာတစ်ဝန်းမှ အင်တာနက် သုံးသူများသည် ဂူဂဲ၊ ဖေ့စ်ဘွတ်ခ် စသည့် အင်တာနက် ကုမ္ပဏီကြီးများ အပေါ်ပါ ယုံကြည်မှု ကျဆင်း လျက်ရှိသည်။ NSA ၏ လုပ်ရပ်ကြောင့် အင်တာနက် လုပ်ငန်းကြီးများ၊ ဆိုရှယ် မီဒီယာ လုပ်ငန်းများ၏ အနာဂတ်ကို များ စွာထိခိုက် ရသည်ဟု ဖေ့စ်ဘွတ်ခ် တည်ထောင် သူ မာ့ခ်ဇက်ကာဘက် ကလည်း ဝေဖန်ပြော ကြားထား ဖူးသည်။

Messenger News Journal

No comments:

Post a Comment