Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 3, 2014

တရုတ် ကူမင်းဘူတာရုံတွင် ရှင်ကျန် ခွဲထွက်ရေးသမားများ ဓားဖြင့်တိုက်ခိုက် ၂၉ ဦးသေဆုံး




ကူမင်း၊ မတ် ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ရထားဘူတာရုံ တစ်ခုထဲတွင် ရှင်ကျန်ခွဲထွက်ရေး အကြမ်းဖက်သမားများဟု ယူဆရသူများက တွေ့သမျှ လူများကို ဓားဖြင့်ထိုးခုတ် တိုက်ခိုက်ခဲ့ရာ ၂၉ ဦး သေဆုံးသွားခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရရှိ သွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အနက်ရောင်ဝတ်စုံများ ဝတ်ထားသော တိုက်ခိုက်သူများက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တော် ဘူတာရုံတွင် လက်မှတ်ဝယ်ရန် တန်းစီနေကြသူများကို တိုက်ခိုက်ခဲ့ရာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

တိုက်ခိုက်ရေးသမား လေးဦးခန့်ကို ရဲကပစ်ခတ်ကာ အသေဖမ်းဆီးရမိခဲ့ပြီး အခြားလွတ်မြောက် သွားသူများကို ဖမ်းဆီးရန် ကြိုးစားနေဆဲ ဖြစ်သည်ဟု Xinhua သတင်းတစ်ရပ်က ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကို နောက်ကွယ်မှ လုပ်ဆောင်သူများသည် ရှင်ကျန် အနောက်မြောက်ပိုင်း အူဂါ မွတ်ဆလင်ဒေသမှ ခွဲထွက်ရေး သမားများ ဖြစ်ကြကြောင်း ကူမင်းအစိုးရက ပြောကြားခဲ့သည်။

ရှင်ကျန်ဒေသသည် ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ရာ ဒေသဖြစ်ပြီး ယခုအခင်း ဖြစ်ပွားသော ကူမင်းမြို့သည် ရှင်ကျန်ဒေသမှ မိုင်ပေါင်း တစ်ထောင်ကျော် ဝေးကွာသည့် စီးပွားရေး မြို့တစ်မြို့ ဖြစ်သည်။

ယမန်နှစ်ကလည်း မြို့တော်ဘေဂျင်းရှိ နာမည်ကျော် တီအန်မင် ရင်ပြင်တွင် ရှင်ကျန်ပြည်နယ်မှ မိသားစုတစ်စုက ကားတစ်စီးဖြင့် ခရီးသွား ဧည့်သည်များကို တိုက်ခဲ့ကြရာ ယင်းမိသားစုလည်း နောက်ဆုံး မီးရှို့ပြီး အဆုံးစီရင်သွားခဲ့သည်။

လက်မှတ် ဝယ်နေစဉ် ဓားဖြင့် တိုက်ခိုက်ခံလိုက်ရသော ယန်ဟိုင်ဖိုင်ဆိုသူက “လူတစ်ယောက်က ဓားရှည်ကြီးနဲ့ ကျွန်တော့်ဆီကို လာတယ်။ ကျွန်တော်လည်း တခြားလူတွေနဲ့အတူ ပြေးတာပေါ့။ နောက်တော့ လဲကျသွားတယ်” ဟု မျက်မြင် တွေ့ရှိခဲ့ခြင်းအပေါ် Xinhua သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

လွတ်မြောက်သွားသူ များကလည်း ၎င်းတို့၏ ဆွေမျိုးသားချင်းများကို အပူတပြင်း လာရောက် ရှာဖွေနေကြသည်ဟု အခင်းဖြစ်ရာ နေရာရောက် သတင်းသမားများက ဆိုသည်။
“ကျွန်မအမျိုးသားကို မတွေ့ဘူးရှင်။ သူ့ဖုန်းကလည်း ပြန်မဖြေဘူး” အစိုးရက စီမံခန့်ခွဲသော ရုပ်သံလိုင်း CCTV က ယင်းတိုက်ခိုက်မှုကို အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဟု သုံးနူန်းခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်က ရှိသမျှ အင်အားသုံးကာ အကြမ်းဖက်သမားများကို ဖမ်းဆီးမည် ဖြစ်ပြီး ဥပဒေအတိုင်း အရေးယူမည်ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment