Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 2, 2014

သေသွားပြီထင်ပြီး အလောင်းအိတ်ထဲထည့်ပြီးကာမှ ပြန်လည်နိုးထလာသူ

Angel on 2014-03-01 12:16
ဗုဒ္ဓဟူးနေ့ ည ကိုးနာရီ အချိန်ခန့် မှာ မစ္စစပီ၊ လက်ဇင်တန်မြို့ အိမ်မှာ ပေါ်တာရဲ့ ဦးလေးဖြစ်သူ ဝေါလ်တာဝီလီယမ် ဟာ သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း သေမှုသေခင်းစစ်ဆေးရေးအရာရှိက သွေးခုန်နှုန်း တိုင်းတာပြီး အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် နောက် ငါးနာရီကျော်အကြာ မနက် ၂နာရီခွဲ ခန့် မှာ ဝေါလ်တာရဲ့ အလောင်းကို အလုပ်သမားတွေက အလောင်းအိတ်ထဲထည့်ခါနီးမှာ ပြန်လည်နိုးထလာခဲ့တာပါ။ အံ့သြမှင်တက်နေတဲ့ အလုပ်သမားတွေဟာ ဝေါလ်တာရဲ့ တူဖြစ်သူ ပေါ်တာကို သူ့ ဦးလေး အသက်ရှင်နေ သေးကြောင်း သွားပြောရပါတော့တယ်။
ဝေါလ်တာဝီလီယမ်ရဲ့ နှလုံးခုန်နှုန်း ရပ်တန့် သွားတာကို သူသေချာစမ်းကြည့်ခဲ့ကြောင်း သေမှုသေခင်းစစ်ဆေး ရေးအရာရှိက ပြောကြားခဲ့ပြီး အခုလို နာရီပေါင်းများစွာ ကြာပြီးမှ နှလုံးပြန်လည်ခုန်လာတာဟာ မယုံကြည်နိုင်လောက်စရာ ဖြစ်ရပ်တစ်ခုပါလို့ ပြောဆိုခဲ့ပါတယ်။
“ သေမှုသေခင်းစစ်ဆေးရေးအရာရှိကို ဘာတွေဖြစ်ခဲ့တာလဲလို့ မေးတော့ သူ တစ်ခုတည်းပဲ ဖြေနိုင်ပါတယ်။ ဒါဟာ အလွန်အံ့သြစရာဖြစ်ရပ်ပဲ တဲ့” ဟုမ်းစ်ကောင်တီ ရဲအရာရှိ ၀ီလီမာခ်ျ က ပြောကြားခဲ့တာပါ။
ဝေါလ်တာဝီလီယမ်ဟာ အခုတော့ ဆေးရုံမှာ နာလည်ပြန်ထူဖို့ တက်ရောက်ကုသမှုခံနေပြီး အခုလို အသက်ရှင်ခွင့်ရခဲ့တဲ့အတွက် ၀မ်းသာပျော်ရွှင်မိကြောင်း သူ့ မိသားစုတွေကို ဆေးရုံမှာ ပြောကြားခဲ့ပါတယ်။
Ref: metro
Trend Myanmar

No comments:

Post a Comment