Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 16, 2014

သင်္ကြန်မှာ တရားစခန်းဝင်ဖြစ်မယ်လို့ ဆိုတဲ့အကယ်ဒမီယွန်းယွန်း



တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေး
သရုပ်ဆောင် ဆုကိုရရှိခဲ့တဲ့ ယွန်းယွန်းကို လတ်တလောအနုပညာ
လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ ‘ယွန်းယွန်း အခု
Sky Net ရုပ်သံဇာတ်လမ်းတွဲ တစ်ခုရိုက်ကူးနေတယ်။

နောက်ပြီး ကိုစိုင်းစိုင်းခမ်းလှိုင်၊ မခင်ဝင့်ဝါ တို့နဲ့အတူ တီဗီကြော်ငြာတစ်ခု ရိုက်ထားပါတယ်။ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေရတာရယ်၊ စာမေးပွဲရယ်ကြောင့် အနုပညာတွေကို ထွေထွေထူးထူး မဆောင်ရွက်ဖြစ်ဘူး။ ယွန်းယွန်းကတော့ အခွင့်အရေးရရင် ရသလို အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားမှာပါ။

ယွန်းယွန်း ကိုးတန်းတက်တဲ့အခါမှာ တစ်နေ့တည်းပြီးတဲ့ အနုပညာ
အလုပ်တွေကို ဆောင်ရွက် သွားမယ်။ ဆယ်တန်းတက်တဲ့အခါမှာတော့ ဘော်ဒါ တက်ရမှာဖြစ်တဲ့အတွက် အနုပညာလှုပ်ရှားမှုတွေကို ခဏနားထားမယ်။ ဒီနှစ်သင်္ကြန်ကိုတော့ ယွန်းယွန်းက တရားစခန်းဝင်မှာ ဖြစ်ပါတယ်’လို့ သူမက ဆိုပါတယ်။

Trend Myanmar

No comments:

Post a Comment