Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 23, 2014

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ စတော့ရှယ်ယာ ထူထောင်မည်



RELATED NEWS

RELATED TOPICS


၁၆ ရာစုလောက်က စတင်ခဲ့တဲ့ စတော့ရှယ်ယာဈေးကွက်ဟာ ဒီကနေ့ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေး ဓနအင်အားကို အဓိကမောင်းနှင်ရာ အင်ဂျင်ကြီးဖြစ်လာခဲ့ပါပြီ။ နှစ်ပေါင်း ၅ဝလောက် ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး အထီးကျန်တံခါးပိတ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ စတော့ရှယ်ယာဈေး ကွက်တစ်ခုအတွက် အိပ်မက်စမက်နေပါတယ်။
ဂျပန်နိုင်ငံက ဒိုင်ဝါကုမ္ပဏီနဲ့ ၁၉၉၆ကတည်းက Over the Counter Market လို့ခေါ်တဲ့ OTC ဈေးကွက်စနစ်ကို ဖော်ဆောင်ခဲ့တာ ၁၈နှစ်ကြာချိန်မှာတော့ သန်စွမ်းခိုင်မာတဲ့ စတော့ဈေး ကွက်ကြီးတစ်ခု ၂ဝ၁၅မှာ အခြေတကျဖြစ်ရေး ခြေလှမ်းသွက်သွက်လေး ပြင်ဆင်လာနေပါတယ်။
၂ဝ၁၃ ဇူလိုင်ကုန်လောက်မှာ Securities Exchange Law အတည်ပြုပြီး နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ အပြီးသတ်နိုင်ဖို့ ဗဟိုဘဏ်၊ စီးပွားရေးဘဏ်နဲ့ Securities Exchange Center – MSEC တို့ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး အများပိုင်ကုမ္ပဏီတွေ ဖွံ့ဖြိုးလာဖို့ လုပ်နေတယ်လို့ ဒေါ်တင်မေဦးက ဆိုပါတယ်။
ငွေကြေးသတ်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် SEC ဖွဲ့စည်းပြီး စတော့ဈေးကွက်တစ်ခုလုံးကို စည်းကြပ်နိုင်ဖို့ Diwa Institute of Research – DIR အပြင် IMF, World Bank တို့ကလည်း ကူညီနေပြီး အခြေခံ အဆောက်အအုံတွေ တည်ဆောက်မှုနဲ့ ပညာပေးမှုတွေ အရှိန်ရနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် SEC ကို စတော့ဈေးကွက် ကျွမ်းကျင်နားလည်သူတွေနဲ့ ဖွဲ့စည်းဖို့ အစိုးရဘက်က Human Resourses နည်းပါးလွန်းနေတယ်လို့ ကိုအောင်သူရက သုံးသပ်ပါတယ်။
စတော့ဈေးကွက် ၂ဝ၁၅မှာ ပေါ်ပေါက်လာမယ်ဆိုရင် နည်းပညာနဲ့ အခြေခံအဆောက်အအုံပိုင်း ဘယ်လောက်ပဲ အဆင်သင့်ဖြစ်ဖြစ် ဈေးကွက်မှာ အရောင်းအဝယ်လုပ်သူတွေ နည်းပါးရင် အောင်မြင်မှု ရနိုင်ပါ့မလား။ နိုင်ငံတကာမှာတော့ ဒီလိုစတော့ဈေးကွက် ကို မောင်းနှင် သူတွေက ရင်းနှီးမြှုပ်နှံသူတွေ၊ ဈေးကစားတွေသူဟာ Professional ဖြစ် တာကြောင့် မြန်မာပြည်အတွက်ကတော့ စည်ကားတဲ့ Liquid market ဖြစ်ဖို့ တကယ့် Players တွေရရေး အချိန်ယူရမယ်လို့ ဆိုပါတယ်။
Myanmar Pinnacle Financial က ဦးကျော်မျိုးထွန်းကတော့ ကုမ္ပဏီတွေဟာ Business Plan တွေ ကြိုတင်ရေးဆွဲပြီး ပြင်ဆင်ထားရမှာဖြစ်သလို စာရင်းအင်းတွေ ပွင့်လင်းမြင်သာရှိဖို့၊ လိုအပ်တဲ့ Long Term Investment ရှိမှ စတော့ဈေးကွက် သွားနိုင်မှာလို့ ထောက်ပြပါတယ်။
ရောင်းသူဝယ်သူတွေနဲ့ စည်းကားနေမယ့် စတော့အိတ်ချိန်း စတင်ချိန်မှာ Liquid Market ဖြစ်ဖို့ ၃-၄နှစ်အချိန်ယူမှာဖြစ်သလို ပေါ်ထွန်းလာမယ့် ဘဏ္ဍာရေးဈေးကွက်ကြီးတစ်ခုလုံးရဲ့ အစဖြစ်တဲ့ Capital Market, Money Market နဲ့ Foreign Exchange Market တွေရဲ့ဟာ စတော့ဈေး ကွက်နဲ့ စတင်ရမှာပါ။
နိုင်ငံတကာ မိသားစုထဲ တိုးဝင်ဖို့ ကြိုးစားနေရတဲ့ မြန်မာပြည်မှာတော့ ဘဏ္ဍာရေးနဲ့ပတ်သက် တဲ့ နိုင်ငံ တကာ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို မြန်မာပြည်သူတွေ ရင်းနှီးကျွမ်းဝင်ဖို့ အရေးတကြီးလို အပ်နေတယ်ဆိုတာကတော့ အချက်ပေး ခေါင်းလောင်းသံတွေပဲ ဖြစ်ပါတယ်။
Kamayut Media 

No comments:

Post a Comment