Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 29, 2014

လေဆာနဲ့ တက်တူးအဟောင်းတွေကိုဖျက်ခဲ့ပြီး တက်တူးအသစ်တွေထပ်ထိုးအုန်းမယ့် ဗြိတိန်ရဲ့ တက်တူးအများဆုံးလူသား

Angel on 2014-03-29 14:02
ဗြိတိန်ရဲ့ တက်တူးအများဆုံးလူသားအဖြစ်သတ်မှတ်ခံထားရတဲ့ မက်သရူးဝှီလန် ဆိုသူဟာ လက်ဖျံ၊ လက်မောင်းနဲ့ ညှို့ သကြီးမှာ ထိုးထားတဲ့တက်တူးတစ်ချို့ ကို လေဆာနဲ့ ဖျက်ဖို့ အတွက် ခြောက်ကြိမ်တိုင်တိုင် ကုသမှုခံယူခဲ့ရပါတယ်။
မက်သရူးဟာ သူ့ ရဲ့တစ်ကိုယ်လုံးကိုတက်တူးထိုးခဲ့ရာမှာ ပေါင် သုံးသောင်း ကုန်ကျခဲ့ပြီး သူဟာ မျက်ဆံအတွင်းမှာတောင် တက်တူးထိုးခဲ့တဲ့အထိ ရူးသွပ်ခဲ့သူပါ။ အခုတော့ သူဟာ ပေါင် ခြောက်ထောင်ကျော် အကုန်ကျခံပြီး တက်တူးဟောင်းတစ်ချို့ ကို ပြန်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မက်သရူးဟာ တက်တူးတွေစိတ်နာလို့ မဟုတ်ဘဲ နောက်ထပ် တက်တူးအသစ်တွေထပ်တင်ဖို့ နေရာလွတ်လိုချင်လို့  ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
လက်ဖျံ၊လက်မောင်းနဲ့ ညှို့ သကြီးမှာထိုးထားတဲ့ တက်တူးဟောင်းတစ်ချို့ ကို လေဆာနဲ့ ခြောက်ကြိမ်တိုင်တိုင် အနာကျင်ခံပြီး ဖျက်ပစ်ခဲ့ရတာပါ။
“ ကျွန်တော့်ကိုကျွန်တော် အနုပညာပြခန်းတစ်ခုလို သဘောထားတယ်။ တစ်ချို့ အနုပညာလက်ရာတွေက နည်းနည်းဟောင်းလာတဲ့အချိန်မှာ လူတွေက အသစ်တွေကို မြင်ချင်လာကြတယ်လေ။ ဒါက ကျွန်တော်ရဲ့ တက်တူးတွေအပေါ်ထားတဲ့ ခံစားချက်ပါပဲ” လို့ မက်သရူးက ပြောပြခဲ့ပါတယ်။
“ ကျွန်တော့်မှာ တက်တူးတွေ တော်တော်များများရှိနေပြီ။ တက်တူးထပ်တင်ဖို့ လည်း ခန္ဓာကိုယ်မှာ နေရာလွတ် မရှိတော့ဘူး။ ဒါကြောင့် ဒါတွေကို လေဆာနဲ့ ဖျက်ပစ်ပြီး အစက ပြန်ထိုးဖို့ အကြံရခဲ့တာ” လို့ သူက ပြန်လည် ပြောပြပါတယ်။
ဘာမင်ဂမ်မြို့ မှာနေထိုင်တဲ့ မက်သရူးဟာ အခုလောလောဆည်မှာတော့ တက်တူးအသစ်တွေ ထပ်ထိုးဖို့  အတွက် အနာကျက်တာစောင့်နေရပါတယ်။
Ref: Mirror.co.uk
Trend Myanmar

No comments:

Post a Comment