Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 29, 2014

ဆူပူဆုံးမခဲ့သည့် ဦးလေးကို တူဖြစ်သူက ဓါးဖြင့်ထိုး၍ သေဆုံး

29 March 2014


ရန်ကုန်၊ မတ် ၂၉

၂၈.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦး သေဆုံးရောက်ရှိ လာကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုအောင်ထွေး၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ဇံဖြူ ၊ (၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူဖြစ်ပြီး ၀ဲဘက်ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၁၀၀ အချိန်ခန့်က သေဆုံးသူ ကိုအောင်ထွေးသည် တစ်ဝင်းတည်းအတူနေ တူဖြစ်သူ နိုင်လင်းထိန်၊ (၁၆)နှစ်၊(ဘ)ဦးမင်းမင်းဦးမှာ သူငယ်ချင်းများနှင့်စကားများပြီး နေအိမ်သို့ပြန်လာသည်ကိုသိရှိရသဖြင့် ဆူပူကြိမ်းမောင်း ခဲ့ကြောင်း၊ ထိုသို့ကြိမ်းမောင်းသည်ကို တူဖြစ်သူ နိုင်လင်းထိန်မှ မကျေနပ်သဖြင့် ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့အပ်ကုသစဉ် ၂၃၁၅အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ နိုင်လင်းထိန်အား သောင်ကြီးနယ်မြေရဲစခန်း (ပ)၂၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment