Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

မတ်စောက်တဲ့ နံရံတွေကို SPIDERMAN လို တွယ်တက်နိုင်မယ့် ကိရိယာ

အမေရိက တက္ကသိုလ်တွေရဲ့ အစွမ်းအစအရည်အချင်းကို စမ်းသပ်ဖို့ အတွက် အမေရိကန်လေတပ်က နည်းပညာမြင့် စက်ပစ္စည်းအသစ်အဆန်းတစ်ခု ပုံစံထုတ်ရေးဆွဲစေခဲ့ရာမှာ ယူတားတက္က သိုလ် ကျောင်းသားတွေဟာ ဒီ Gadget ကို ဖန်တီးခဲ့တာပါ။

တက္ကသိုလ်ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုအရည်အချင်းကို ဆန်းစစ်တဲ့ ဒီစိန်ခေါ်မှုမှာ ကျောင်း သားတွေဟာ အထူးတပ်ဖွဲ့ ဝင်တွေ အဆောက်အအုံတွေနဲ့ တောင်နံရံတွေကို ချိတ်တွေ၊ကြိုးတွေ မသုံးဘဲ တက်ရောက်နိုင်ဖို့ အတွက် နည်းစနစ်တစ်ခုကို ဖန်တီးရမှာ ဖြစ်ပါတယ်။
ယူတားတက္ကသိုလ်ကျောင်းသားတွေဟာ PVAC လို့ ခေါ်တဲ့ စုပ်ခွက်တွေအဓိကအသုံးပြုထားတဲ့ ကိရိယာတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီကိရိယာဟာ ၉၀ ဒီဂရီမတ်စောက်တဲ့ နံရံတွေကို Marvel ရုပ်ပြထဲက ဇာတ်ကောင်တွေလို တွယ်တက်နိုင်မှာ ဖြစ်ပါတယ်။
ဘက်ထရီအားနဲ့ အသုံးပြုရပြီး အလေးချိန်ပေါ့ပါးတဲ့ ဒီကိရိယာရဲ့ မျက်နှာပြင်နှစ်ဖက်မှာ လေစုပ်ခွက်တွေ တပ်ဆင်ထားပါတယ်။ စတုရန်းတစ်လက်မ ကို ၄.၅ ပေါင်ရှိတဲ့ စုပ်အားနဲ့ ထိန်းထားပြီး နံရံတွေကို တွယ်တက်နိုင် တာပါ။
ဒီ ကိရိယာကို တီထွင်ခဲ့တဲ့ ယုတားအင်ဂျင်နီယာကျောင်းသားအဖွဲ့ ဟာ အမေရိကန်လေတပ် သုတေသနဓာတ်ခွဲခန်းရဲ့ ပုံစံထုတ်ပြိုင်ပွဲ မှာ ပထမဆုဆွတ်ခူးခဲ့ပြီး အမေရိကန်ဒေါ်လာ ငါးသောင်း ရရှိခဲ့ပါတယ်။
ဒီ ကိရိယာကို နမူနာအကြမ်းထည်ကနေ အထူးစစ်ဆင်ရေးတပ်သားတွေရဲ့ ကိရိယာတစ်စိတ်တစ်ပိုင်း အနေနဲ့  ပြောင်းလဲပေးနိုင်မယ်ဆိုရင် နောက်ထပ် အပိုဆုကြေး ဒေါ်လာ တစ်သိန်းထပ်မံရရှိအုန်းမယ်လို့ ဆိုပါတယ်။
Ref: mirror
Trend Myanmar

No comments:

Post a Comment