Justin
Bieber အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် သူ့ရဲ့အိမ်ကို ရဲတွေက တစ်နေ့
အကြိမ်ပေါင်းများစွာ ကင်းလှည့်နေပါတယ်။ ရဲတွေပြောတာကတော့ “Justin Bieberဟာ
တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တစ်ကောင် မဟုတ်ဘူးလေ။” တဲ့။Justinဟာ Atlantaမှာရှိတဲ့ ကိုယ်ပိုင်ခြံဝန်းတစ်ခုကို ၃လစာ ငှားရမ်းနေထိုင်နေတာဖြစ်ပါတယ်။ Justin Bieber နေထိုင်ရာ နေရာတစ်ဝိုက် ကို Sandy Springs ရဲဋ္ဌာနက တာဝန်ယူစောင့်ရှောက်ထားပါတယ်။
လူတွေက Justin Bieberကို ပျော်စရာတွေ ဖန်တီးပေးတဲ့ နာမည်ခပ်ကြီးကြီး တစ်ယောက်လို စိတ်ဝင်တစားရှိကြတယ်။ အထူးသဖြင့် ခပ်ငယ်ငယ် ကောင်မလေးတွေပေါ့။ Justin Bieber ရဲ့ အိမ်နားမှာ ယောင်ပေပေ လုပ်မနေအောင်နဲ့ ကျူးကျော် ၀င်ရောက်တာမျိုး မရှိရအောင် နေ့ရော ညပါ အထူးကင့်လှည့်စနစ်နဲ့ တာဝန်ချထားကြောင်း ရဲမှူးက ပြောပါတယ်။ မဟုတ်တရုတ် လုပ်လာတာမှန်သမျှကို ရဲတွေက သည်းခံမှာမဟုတ်ဘူးလို့ သိရပါတယ်။
Ref:tmz.com
Trend Myanmar
No comments:
Post a Comment