Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

Facebook profile ကြောင့် သင်စိတ်ကူးထားတဲ့အလုပ် ပျက်နိုင်

512x512_20140217_040814_445.jpg
တကယ်အလုပ်ခေါ်မယ့် အလုပ်ရှင်တွေဟာ လူမှုကွန်ယက်ဝဘ်ဆိုက်တွေကို သုံးပြီး အလုပ်လာလျှောက်တဲ့ သူတွေဟာ အသောက်အစား ကင်းတဲ့သူ၊ ဆေးခြောက်မသုံးတဲ့သူ၊ မလိုချင်တဲ့စရိုက်ရှိနေသူ စသဖြင့် စုံစမ်းစစ်ဆေးလေ့ ရှိကြပါတယ်။ အဲ့ဒီ့အတွက် မှန်ကန်တဲ့အချက်အလက်ကိုပေးနိုင်မယ့် profile တင်ထားရဲ့လားဆိုတာကို စစ်ဆေးပါ။
သင့်ရဲ့မိဘတွေက သင့်ကို Facebook ကနေ သူငယ်ချင်းဖြစ်အောင် ကြိုးစားတဲ့နေ့၊ ကြမ္မာငင်တဲ့နေ့ ကိုမှတ်မိရဲ့လား။ နှစ်ပေါင်းများစွာတင်လာတဲ့ ဓါတ်ပုံတွေ၊ စာသားတွေရေးထားတဲ့ ပုံတွေကို မိနစ်အနည်းငယ် အတွင်းရှာလိုက်ပါ။ ပြီးရင် အရက်သောက်၊ ဆေးလိပ်သောက်နေတဲ့ပုံတွေ၊ အဖော်အချွတ်မိန်းမပုံတွေကို ဖြုတ်လိုက်ပါ။ သင့်ကို သူဋ္ဌေးသား၊ ငပျင်း၊ လိင်စိတ်ဖောက်ပြန်တဲ့သူစတဲ့ သင့်အကြောင်းအမှန်တွေ အားလုံးကို ဖြုတ်ချလိုက်ပါ။ ပြဿနာက လူမှုကွန်ယက် မီဒီယာဝန်းကျင်ကြီးထဲမှာ သင့်ကိုခိုးကြောင်ခိုးဝှက် ထောက်လှမ်းနေတာ သင့်မိဘတွေအပြင် အခြားသူတွေလဲရှိနေတာပါပဲ။ သင့်အလုပ်ရှင် ဒါမှမဟုတ် အလုပ်ရှင်ဖြစ်လာမယ့်သူကလည်း သင့်ကိုစိတ်ဝင်တစားနဲ့ ထောက်လှမ်းနေနိုင်ပါတယ်။
အလုပ်ရှင်တွေ အနက်က ၄၀ရာခိုင်နှုန်းဟာ အလုပ်လျှောက်ထားသူတွေရဲ့ အကြောင်းကို ထောက်လှမ်းဖို့ Facebook ကို အသုံးပြုတယ်လို့ မြောက်ကာရိုလိုင်းနား ပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာထားချက်အရ သိရပါတယ်။ နောက်ပြီး အဲ့ဒီ့အလုပ်ရှင်အနက်က ၄၅ရာခိုင်နှုန်းဟာ ရရှိလာတဲ့သတင်းအချက်အလက် တွေထဲကနေ အရည်အချင်းမပြည့်မှီဘူးလို့ထင်တဲ့သူတွေရှာပြီး အလုပ်မခန့်ကြတော့ပါဘူး။ လုပ်ငန်းအဖွဲ့အစည်းတွေဟာ Facebook ကိုအသုံးပြုပြီး အသောက်အစားကင်းမကင်း၊ မူးယစ်ဆေးကင်း မကင်းအပြင် လက်ရှိအလုပ်မှာ အပုပ်ချတတ်တဲ့သူတွေကိုလည်း စားရင်းပြုစုထားတယ်လို့သိရပါတယ်။
လက်ရှိအလုပ် မကောင်းကြောင်း၊ ၀န်ထမ်းတွေရဲ့မကောင်းကြောင်း ပြောတာကို အနာဂတ်မှာဖြစ်လာမယ့် အလုပ်ရှင်တွေက တွေ့သွားတာနဲ့ စာရင်းပြုစုမှတ်သားထားမှာဖြစ်ပါတယ်။ လူမှုကွန်ယက်မှာ တင်လိုက်တဲ့ အကြောင်းအချက်တွေကြောင့် သင့်ကိုအလုပ်မခန့်ဘူးဆိုတာမျိုး မဖြစ်ရလေအောင် အပြောအဆိုခံရမယ့် ဓါတ်ပုံတွေကို အချိန်ပေးဖြုတ်ချလိုက်ပါ။ ပြီးတော့ အောက်မှာဖော်ပြပေးမယ့် အကြံပြုချက်တွေအတိုင်း profile ကိုရှင်းလင်းရေးလုပ်လိုက်ပါ။
၁။ အလုပ်နဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ဝေဖန်တာမျိုးတွေကိုလျှော့ချပါ။ အဲ့လိုလိုက်ပြီး ဝေဖန်ရေးနဲ့လေကန်ရေး လုပ်တာဟာ ပညာရှင်မပီသ ရုံသာမက ငတုံးလို့လည်းအထင်ခံရနိုင်ပါတယ်။ အလုပ်မှာ ပြဿဒါးနေ့ဖြစ်လာလို့ ပေါက်ကွဲချင်ရင်တောင် Facebook ပေါ်မှာစာနဲ့ရေးတာမျိုးမလုပ်ပါနဲ့။ သူငယ်ချင်းတစ်ယောက်ကို ဖုန်းနဲ့ ဒါမှမဟုတ် လူကိုယ်တိုင်တွေ့ပြီး ရင်ဖွင့်ပေါက်ကွဲတာက ပိုပြီးလုံခြုံပါတယ်။

၂။ အရက်သောက်နေတုန်း post မတင်ပါနဲ့။ အရမ်းလန်းတဲ့ ပါတီပွဲကြီးမှာ သင်ရောက်နေတာ လူတိုင်းကို သိစေချင်တာလား။ မြူးနေတဲ့ အကိုးအကားတွေနဲ့ ဓါတ်ပုံတွေကိုတင်ဖို့ ဖုန်းကိုကောက်မကိုင်မိခင်မှာ ဒီလိုလုပ်လိုက်လို့ သင့်အိပ်မက်တွေကို အဟန့်အတားဖြစ်စေမယ်ဆိုတာ သင့်ကိုယ်သင်သတိပေးပါ။
၃။ သင့်profileကို မူးယစ်ဆေးမှတ်တမ်း ကင်းရှင်းနေပါစေ။
မူးယစ်ဆေးတွေကို အတွင်းရေးအဖြစ် သိမ်းထားရတာဟာ တရားဥပဒေကြောင့်ဖြစ်သလို သင့်စိတ်အပန်းဖြေစရာ ရွေးချယ်မှုတွေကိုလည်း သင်ဂရုမစိုက်ပေမယ့် အလုပ်ရှင်တွေကတော့ ဂရုစိုက်ကောင်း စိုက်ကြမှာပါ။ သင်ဟာ ဆေးလုံးဝမသုံးဖူးတဲ့သူ တစ်ယောက်ဖြစ်နေရင်တောင် facebook profile နဲ့ Wall ပေါ်မှာ မူယစ်ဆေးနဲ့ ပတ်သက်ပြီး ဟာသတွေ၊ ဖော်ပြချက်တွေ ဘာမှမလုပ်ပါနဲ့။
၎။ tag မလုပ်ပါနဲ့။
အင်တာဗျူးသွားဖြေဖို့ လုပ်နေတုန်း၊ tagging ကို disable လုပ်ထားပါ။ ဒါမှသာ အခြားတစ်ယောက်ယောက်က သင့်ကို ကြည့်ရဆိုးစေမယ့် post တွေကိုတင်နိုင်တော့မှာ မဟုတ်ပါဘူး။ ပါတီမှာ သောင်ကျန်းခဲ့သမျှဓါတ်ပုံတွေ ကို သင်ကမတင်ဘူးဆိုပေမယ့် သင့်သူငယ်ချင်းတွေက တင်ထားပြီး tag လုပ်လာနိုင်ပါတယ်။
Ref:Men’sFitness
Trend Myanmar

No comments:

Post a Comment