နိုင်ငံခြားသားခရီးသည် အ၀င်များနေပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ
မကြာမီ အာရှဒေသတွင်း ဆွဲဆောင်မှုအရှိဆုံးနေရာတခု ဖြစ်လာနိုင်တယ်လို့
စင်ကာပူအခြေစိုက် Sphere Conferences ရဲ့ ဥက္ကဋ္ဌ မစ္စတာ ချူဝီဖေါင်း (Mr.
Chua WeePhong)က ပြောပါတယ်။

အဲဒီပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က လည်း ၂၀၁၃ မှာ ခရီးသည် ၂ သန်း
ဝင်ရောက်ခဲ့ပြီး ၂၀၁၂ နဲ့ နှိုင်းရင် ရာခိုင်နှုန်း ၉၀ ကျော် တိုးတက်လာ
တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အခုလပိုင်းအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်မှုဆိုင်ရာ
အစည်းအဝေးတွေနဲ့ ကွန်ဖရင့်တွေ ဆက်ပြီး ကျင်းပဖို့ ရှိနေပါသေးတယ်။DVB
No comments:
Post a Comment