Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

သကြားသည် သင့်ကိုဝစေရုံမျှမက ဖျားနာစေနိုင်

မကြာသေးမီနှစ်များ အတွင်း သကြားသည် အဆီများ အတွက် သာမက ချို့ယွင်း လာသော ကျန်းမာ ရေးအတွက် တရားခံဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့ အားလုံး သိရှိကြသကဲ့သို့ပင် ကျွန်ုပ်တို့သည် သကြားကို စားသုံး သင့်သည့် ပမာဏထက် ပိုမိုစားသုံး ကြသည။် ရိုးသားစွာ ပြောရလျှငသ် ကြား ကိုရှောင်ကြဉ်ရန် ခက်ခဲပါသည်။
မကောင်း သတင်းတစ်ခုမှာ သကြားသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် ကို ကျွန်ုပ်တို့ တွေးထင်ထား သည်ထက် ပိုမိုထိခိုက်မှုဖြစ်စေသည်။ ယခင်က ကျန်းမာရေးနှင့် မညီညွတ်သော စား သောက်မှုပုံစံနှင့် အဝလွန်ခြင်း အတွက် အမှတ်အသားတစ်ခုအဖြစ် သကြားကို မှတ်သားလေ့ရှိသော်လည်းယခုဆိုလျှင် သကြားသည် မည့်သည့်အကြောင်း အချက်နှင့်မှ ချိတ်ဆက်မှုမရှိသော နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေမြင တက်စေသည့် အကြောင်းအရာတစ် ခုဖြစ်စေသည်။ ထို့အပြင် နာတာ ရှည်ကျန်းမာရေးရောဂါများ ဖြစ်နိုင် ခြေကို မြင့်တက်စေကြောင်းကို JAMA ဆေးပညာတွင် ဖော်ပြထားသည်။
သကြားများတွင် သဘာဝ အလျောက်တွေ့ရှိရသောသကြားထက် ထပ်မံဖြည့်သွင်းထားသောသကြားက ခန္ဓာကိုယ်အား ပိုမိုထိခိုက်မှုဖြစ်စေပါ သည်။ အဆင့်ဆင့် ပြုပြင်ပြင်ဆင်ထား သော အစားအစာများကဲ့သို့ အချိုဖြည့် သွင်းထားသောအအေးများ၊ အချိုရည် များ၊ နို့ထွက်ပစ္စည်းများ၊ အဆင်သင့် စား စီရီယယ်များသည် ကျန်းမာရေး အတွက် ပိုမိုဆိုးဝါးစေပါသည်။ သစ်သီး ဝလံမှရရှိသော သကြားဓာတ်ကတော့ အ္တရာယ်ကင်းပါသည်။

No comments:

Post a Comment