Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

ဝင်းဂါးအတွက် အရှက်ကွဲစရာတွေ ကြုံခဲ့တဲ့နေ့

ပရီးမီးယားလိဂ်မှာ နှစ် ၅၀အတွင်း လီဗာပူးကို အဆိုးရွားဆုံး ရှုံးနိမ့်ခဲ့သလို နောက်ဆက်တွဲ အဖြစ်အပျက်တွေကြောင့် ဖေဖော်ဝါရီ ၈ရက်နေ့က အာစင်ဝင်းဂါး ဘ၀တစ်လျှောက် စိတ်ပျက်စရာ နေ့တစ်နေ့အဖြစ် သတ်မှတ်နိုင်ပါတယ်။ လီဗာပူးနဲ့ပွဲစဉ်အပြီးမှာ အသင်းရထားနဲ့ လန်ဒန်မြို့ကိုပြန်မယ့် အာစင်ဝင်းဂါးဟာ ရထားချိန် နီးကပ်နေတာကြောင့် အပြေးအလွှားသွားခဲ့ရာမှာ ဘူတာအ၀င်ဝအရောက် ချော်လဲခဲ့တာပါပဲ။

အာဆင်နယ်ဟာ လီဗာပူးကို ရှုံးပြီး အမှတ်ပေးဇယား ဦးဆောင်သူနေရာကို ချဲလ်ဆီးထံ လွှဲပေးခဲ့ရသလို လက်ဆွဲအိတ်၊ ခရီးဆောင်အိတ်တွေနဲ့ ဘူတာထဲမှာ အာစင်ဝင်းဂါး ချော်လဲခဲ့တာက အတိတ်နမိတ်တွေကို ယုံကြည်သူတွေကတော့ ရှေ့လာမယ့်ပွဲကြပ်ကာလမှာ အာဆင်နယ် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရမယ်လို့ ကြိုသတ်မှတ်နေကြပါရဲ့။
http://yoyarlay.com/39983-2014-02-09-11-49-57
 

@z (ရိုးရာလေး)

No comments:

Post a Comment