Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

နိုင်ငံခြားသတင်းထောက်တစ်ဦး ရွှေတိဂုံစေတီအနီး ဓားထောက်လုယက်ခံရ

ရွှေတိဂုံစေတီမှအပြန် ဗဟန်းဈေးအနီးတွင် လမ်းလျှောက်နေသည့် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူကို စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၄ ရက် ည ၉နာရီခွဲတွင် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်သည် ၎င်း၏ ဧည့်သည်အမျိုးသမီးတစ်ဦးနှင့် အတူဗဟန်းဈေးအနီး လမ်းလျှောက်နေစဉ် စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်သောကြောင့် အိုင်ဖုန်းတစ်လုံး၊ ဖုန်းဆင်းမ်ကတ်တစ်ကတ်၊ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်၊ ဆွဲကြိုးတစ်ကုံး၊ မြန်မာငွေတစ်သိန်းနှင့် စာရွက်စာတမ်းများ လုယက်ခံရကြောင်း စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်ကပြောသည်။

““သူက စက်ဘီးနဲ့လာတာ။ ကျွန်မလက်ကို ဖမ်းကိုင်တယ်။ အစက သူ့ကို စိတ်မနှံ့တဲ့သူတစ်ယောက်လို့ ထင်နေတာ။ ဓားကိုထုတ်ပြီး လုယူတာပဲ။ ဓားထုတ်တော့ ကျွန်မသူငယ်ချင်းကလည်း ထွက်ပြေးသွားတယ်။ ဗဟန်းရဲစခန်းကို သွားပြီးအကြောင်းကြားထားခဲ့တယ်””ဟု အလက်ဇန္ဒားဖောင်ကပြောသည်။

အလက်ဇန္ဒားဖောင်သည် မြန်မာနိုင်ငံတွင် နေထိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီး မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေကို ယုံကြည်သောကြောင့် ညဘက်လမ်းလျှောက်ခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါလုယက်ခံရမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ အမှုဖွင့်တိုင်ကြားထားခြင်းမရှိကြောင်း ပြောဆိုသည်။

““သူက အမှုမဖွင့်ခဲ့ပါဘူး။ အခုတော့ သူပြောပြတဲ့ပုံသဏ္ဌာန်နဲ့လူကို ဖမ်းဆီးမိဖို့ စောင့်ကြည့်နေပါတယ်။ အမှုမဖွင့်ပေမယ့် တရားခံကို မိအောင်ဖမ်းဆီးမှာပါ””ဟု ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးမြင့်လွင်စန်းကပြောသည်။

Author: ငြိမ်းချမ်း

7day Daily

ပစ္စည်းအလုခံရသည့်အမျိုးသမီးက ရှင်းပြနေစဉ် ဓာတ်ပုံ-ကျော်ဇင်သန်း

No comments:

Post a Comment