Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

နေခြည်ဈေး ရေတွင်းပျက်အတွင်း ခုန်ချသူ အသက်ဘေးမှ ကံကောင်းစွာ လွတ်မြောက်

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင် မြို့နယ် နေခြည်ဈေး မြောက်ဘက် နာရီစင်အနီး ရေတွင်းပျက် အတွင်းသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က ခုန်ချရာ အသက်မသေဘဲ ကံကောင်းစွာ ပြန်လည် ကယ်ဆယ် နိုင်ခဲ့သည်။

မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် ရွှေဘုံသာ ကမ်းနားလမ်းနေ ကိုစန်းဝင်း (ခ) စန်းပုအသက်(၄၅)နှစ်(ဘ)ဦးအေးရွှေသည် နေခြည်ဈေး မြောက်ဘက် နာရီစင်အနီး ပေ(၃၀)အနက်ရှိ သည့် ရေတွင်းပျက်ထဲသို့ ခုန်ချခဲ့သည်။

ဖြစ်လျှင်ဖြစ်ချင်း တယ်လီ ဖုန် ဖြင့် မီးသတ်တပ်ဖွဲ့သို့ သတင်းပေးပို့သဖြင့် မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေတွင်းအတွင်းသို့ဆင်း၍ ကယ်ဆယ် ခဲ့သဖြင့် အသက်မသေခဲ့ကြောင်း၊ အဆိုပါ ကိုစန်းဝင်းမှာ စိတ်မနှံ့သူ တစ်ဦးဖြစ် သည်ဟု မီးသတ်တပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။

The Mirror Daily

No comments:

Post a Comment