Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 25, 2014

စိတ်ပညာရှင်များ၏အကူအညီဖြင့် အင်္ဂလန်အသင်းသားများ ပင်နယ်တီစွမ်းရည် တိုးတက်ရန် ဟော့ဒ်ဆန် ပြင်ဆင်


အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က မိမိတို့ အသင်းသားများ၏ ပင်နယ်တီစွမ်းရည် ပိုမိုတိုးတက် လာစေရန်အတွက်
စိတ်ပညာရှင်များထံမှ အကူအညီ ရယူသွားမည်ဖြစ်ကြောင်း Sky sports သတင်းဌာနသို့ ပြောခဲ့သည်။ အင်္ဂလန်မှာ နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲ ၁၀ရပ်အနက် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် (၆)ကြိမ် ထွက်ခဲ့ရပြီး ယင်းအနေအထားကို ဟော့ဒ်ဆန်က
ပြင်ဆင်လိုခြင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပင်နယ်တီ ကန်နိုင်တဲ့သူ နည်းနည်းရှိပေမယ့် ကျန်ကစားသမားတွေကတော့ ယုံကြည်မှု နည်းကြပါတယ်။ သူတို့အတွက် အကောင်းဆုံး ပြင်ဆင်ပေးနိုင်တာကို ကျွန်တော်တို့ သိထားဖို့လိုပါတယ်။ စိတ်ပညာရှင်တွေက ဒီကိစ္စကို အဖြေရှာပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အရမ်းဝမ်းသာမိမှာပါ”ဟု ဟော့ဒ်ဆန်က ဆိုသည်။ ထို့အပြင် ဟော့ဒ်ဆန်က ဗြိတိန်စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာဒေ့ဗ်ဘရေးဖို့ဒ်ကို ဖိတ်ခေါ်ပြီး အင်္ဂလန် အသင်းသားများ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု မြှင့်တင်ပေးရန် စီစဉ်ထားကြောင်းလည်း ပြောခဲ့သည်။

@z (ရိုးရာလေး)

No comments:

Post a Comment