ကလေးက ငါးလပဲရှိပါသေးတယ်။ ဖလော်ရီဒါက အဝေးပြေးလမ်းမှာ
ယာဉ်ကြောပိတ်ဆိုမှုနဲ့ကြုံရချိန် ကလေးက တစ်ကိုယ်လုံးပြာနှမ်းပြီး
အသက်ရှူရပ်သွားပါတယ်။
အဲဒီမှာတင် အဒေါ်လုပ်တဲ့လူက ချက်ချင်း ကားပေါ်က ခုန်ဆင်းပြီး ကလေးကို ပေါင်ပေါ်တင် ပါးစပ်ချင်းတေ့မှုတ်ပေးခဲ့ပါတယ်။
နောက်တော့ ရဲသားတစ်ယောက်ရောက်လာပြီး ပါးစပ်ချင်းတေ့မှုတ်ပေးဖို့
လုပ်ပြန်ပါတယ်။ အဲဒီရဲသားကပဲ ကလေးကို လေထဲမြှောက်ပြီး အပေါ်မြှောက်
အောက်ချလုပ်ပေးလိုက်ချိန်မှ ကလေးက အသက်ရှူပြီး စငိုပါတော့တယ်။
“ကျွန်မရဲ့အစ်မက ကျွန်မနဲ့ဆို ဒီကလေးကို စိတ်ချတယ်လေ” တဲ့.. အဒေါ်လုပ်တဲ့လူက မျက်ရည်တွေ အ၀ိုင်းသားနဲ့ပြောပါတယ်။
စည်သူ
Myanma Spectrum

No comments:
Post a Comment