Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 7, 2014

ကလေးသူငယ် လိင်အလွဲသုံးစားမှု ကက်သလစ် ကျောင်းတော် ကို နိုင်ငံတကာ ဖိအားပေး


နယူးယောက်၊ ဖေဖော်ဝါရီ ၆

ကက်သလစ် ဘုန်းတော်ကြီးများ ကလေးသူငယ် လိင်အလွဲသုံးစားမှုနှင့် ပတ်သက်သည့် ကုလသမဂ္ဂအဖွဲ့၏ အစီရင်ခံစာ ပေါ်ထွက်လာခဲ့ပြီး ယင်းအရေးကို လုံးဝ လက်မခံဟု ကျောင်းတော်က ထုတ်ပြန်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးထားကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

“ဗာတီကန်ရဲ့ လုပ်ဆောင်ချက်တွေက အပေါ်ယံ လက္ခဏာတွေပါ။ လက်တွေ့ မလုပ်ဆောင်ဘဲ စကားတွေပဲ ပြောနေတာပါ။ ကုလသမဂ္ဂမှာ ပြင်းပြင်းထန်ထန် ပြောပိုင်ခွင့်ရှိတယ်” ဟု ဗာတီကန်ရေးရာ မှတ်ချက်ပေး ပြောကြားသူ ပေါ်လိုဖရိုလီက AFP သတင်းကို ပြောကြားသည်။

ကလေးသူငယ် လိင်အလွဲသုံးစားမှု ကျူးလွန်သည့် ဘုန်းတော်ကြီးများကို ကျောင်းတော်က ထုတ်ပယ်ရန် ပျက်ကွက်ခြင်း၊ သံသယရှိသူ၊ ပြစ်မှု ကျူးလွန်သူများကို တရားစွဲဆိုရန် လွှဲပြောင်းပေးမှု မရှိခြင်း စသည့် အချက်များကြောင့် ကုလသမဂ္ဂအဖွဲ့က ကက်သလစ် ကျောင်းတော်ကို ဝေဖန် ပြစ်တင်ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့၏ အကြံပေး ပြောကြားချက်များသည် မလိုက်နာမနေရ မဟုတ်သော်လည်း ဗာတီကန်၏ ပျက်ကွက်မှုများကို ပုံဖော် ပေးနိုင်ခဲ့သည်။

ထို့အပြင် ဗာတီကန်၏ ပွင့်လင်း မြင်သာမှု မရှိခြင်း၊ မတရား ဖြစ်ရပ်များကို တံခါးပိတ် ဖြေရှင်းရေး တောင်းဆိုခြင်းစသည့် ဖြစ်ရပ်များကြောင့် မတရားခံခဲ့ ရသူများမှာ စိတ်ပျက် အားလျှော့ခဲ့ကြသည်။

ဘုန်းတော်ကြီးများ အလွဲသုံးစား ပြုသည့် ပြစ်မှုပေါင်း ၆၀၀ ကျော် နှစ်စဉ် ပေါ်ထွက်ခဲ့ပြီး အချို့ပြစ်မှုများမှာ ၁၉၆၀ ပြည့်လွန်နှင့် ၇၀ ပြည့်လွန်နှစ်များ ကာလမှ ပြစ်မှုများ ဖြစ်သည်။

ယင်းကဲ့သို့သော ဘုန်းတော်ကြီးများ ကျူးလွန်သည့် အပြစ်ရှိသည့် ရာဇဝတ်ဆိုင်ရာ ပြုမူချက်များအတွက် တောင်းပန်ကြောင်း ယခင် ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်က ၂၀၀၁ ခုနှစ်တွင် ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု၊ ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်ရေး၊ မတရား ခံရသူများ စောင့်ရှောက်ရေး စသည်တို့ လုပ်ဆောင်ရန် လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သော်လည်း လက်ရှိအချိန်ထိ လုပ်ငန်းများ စတင်ခြင်း မရှိသေးပေ။

သို့သော်လည်း ဗာတီကန်၏ လုပ်ဆောင်ချက်များမှာ လုံလောက်မှု မရှိကြောင်း ဘုန်းကြီးများ၏ အလွဲသုံးစား ပြုခံရသူများ ကွန်ရက် (SNAP) က ပြောကြားသည်။

ဘုန်းတော်ကြီးများက ကလေးသူငယ်များအား အလွဲသုံးစား ပြုနေခြင်းကို အလျင်မြန်ဆုံး တားဆီးနိုင်မည့်နည်းမှာ ပြစ်မှု ကျူးလွန်သူများကို ကျောင်းတော်က ထုတ်ပယ်သွားသည့် နည်းဖြစ်သည်ဟု SNAP က တောင်းဆိုထားသော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ရန် ပုပ်ရဟန်း မင်းကြီး အစဉ်အဆက်က ငြင်းဆိုခဲ့သည်။

ဗာတီကန်၏ ယင်းကဲ့သို့သော ပြုမှုချက်များကြောင့် အချို့သော ကက်သလစ် အဖွဲ့များပါ စိတ်ပျက် အားလျော့လာကြောင်း ဖော်ပြလာကြသည်။

“ပုပ်ရဟန်းမင်းကြီးက အရေးတယူရှိရင် ပြစ်မှုကျူးလွန်တဲ့ ဘုန်းတော်ကြီးတွေကို အရပ်ဘက် အာဏာပိုင်တွေဆီ လွှဲပေးရမှာပေါ့” ဟု အမေရိက အခြေစိုက် ကက်သလစ် ရွေးချယ်မှု အဖွဲ့အကြီးအကဲ ဂျွန်က ပြောကြားသည်။

No comments:

Post a Comment