Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

ကလေးမြို့ တက္ကသိုလ်ကျောင်းသားများ ဘော်ဒါဆောင်အတွင်း အုပ်စုဖွဲ့၍ ရိုက်ပွဲဖြစ်


သတင်း၊ ကိုတိုးကြီး
ကလေး၊ ဖေဖော်ဝါရီ 
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ဘူမိဗေဒ ပထမနှစ်ကျောင်း သားတစ်ဦး ဘော်ဒါဆောင်အတွင်းစာကြည့်နေစဉ် အုပ်စုဖွဲ့လူတစ်စု၏ ၀င်ရောက်ရိုက်နှက်မှုဖြစ်ပွားခဲ့သည့်အတွက် ကလေးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားရကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
ဘော်ဒါဆောင်အတွင်း ၀င်ရောက်ရိုက်နှက်ခံရသည့် တက္ကသိုလ်ကျောင်းသားမှာ မောင်ညီညီကို အသက်(၁၉)နှစ်၊ ဘူမိဗေဒ ဘာသာရပ် ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲဌာနက အတည်ပြု့ပြောကြားသည်။ အဆိုပါ ကျောင်းသားအရိုက်ခံရ သည်မှာ ယခုလ ၁၅ ရက်နေ့ညနေ ၅ နာရီအချိန်က ဖြစ်ပွားခဲ့သော်လည်း ကာယကံရှင်၏ သဘောဆန္ဒအရ ယခုလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် အမှုရေးဖွင့်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ၎င်း အမှုအား ရဲစခန်းက(ပ) ၆၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅/၁၁၄ အရ အမှုလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုပ်စု၍ အရိုက်ခံရသော တက္ကသိုလ်ကျောင်းသား မောင်ညီညီကိုသည် ယခုလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ အန်တီနွယ် ဘော်ဒါဆောင်၏ အိပ်ခန်းအတွင်း စာကြည့်နေစဉ် ကျော်ကျော်ထွေး၊ ကောင်းမြတ်သူ ဆိုသူတတို့အပါအ၀င် လူဆယ်ဦးခန့်သည် အဆောင်အတွင်းသို့ ၀င်ရောက်လာပြီး မောင်ညီညီကို ဆိုသူ အား ညစ်ညမ်းစွာဆဲရေးတိုင်းထွာပြီး ကျောက်ခဲများဖြင့် ထုနှက်ရိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ဖြစ်ပွားခြင်းအကြောင်းအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ထို့ကြောင့် အုပ်စုဖွဲ့၍ ရိုက်နှက်ခြင်းခံရသည့် ကျောင်းသားမှာ ဦးခေါင်းနောက်စေ့ ဖုယောင်ညိုမဲဒဏ်ရာ၊ ယာဘက်မျက်လုံး ဖု ယောင်ညိုမဲဒဏ်ရာ၊ ယာဘက်မျက်ခုံး ဖုယောင်ညိုမဲဒဏ်ရာများနှင့် နောက်ကျော်နာကျင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရိုက်နှက်ခံရသည့် တက္ကသိုလ်ကျောင်းသားသည် ကလေးမြို့နယ်၊ ရာဇာဂြိုလ်ကျေးရွာမှ ကလေးမြို့တွင် ကျောင်း တက်ရန် အဆောင်တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment