Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 8, 2014

တစ်လ တစ်ခါလောက် ဓားပြ တိုက်ခံရရင် ကောင်းမယ်

Good Thinking , Clean Thinking ,Green Thinking ????

တရုတ်ပြည်မှာ ဘဏ်တစ်ဘဏ်ကို ဓားပြ ၀င်တိုက် ပါတယ်။ ဓားပြတွေက "ဘယ်သူမှ မလှုပ်နဲ့။ ဒီပိုက်ဆံ တွေက အစိုးရနဲ့ ဆိုင်တယ်။ အသက် ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်" အဲ့အခါ လူတွေက မခုခံဘဲ တိတ်တိတ်လေး ၀ပ်နေလိုက် ကြပါတယ်။ ဒါက လူတွေရဲ့ တွေးခေါ်မှုကို ပြောင်းလိုက်တဲ့ "Mind Changing Concept" ပါ။

ဓားပြတိုက် ပြီးတော့ MBA ဘွဲ့ရထားတဲ့ ဓားပြ အငယ်က ပိုက်ဆံတွေကို ရေဖို့ လုပ်ပါတယ်။ သူငယ်တန်း လောက်ပဲ စာသင်ခဲ့ ရတဲ့ ဓားပြ အကြီးက မာန်လိုက်ပြီး "ဒီပိုက်ဆံ တွေကို ရေစရာ မလိုဘူး။ ညကျ သတင်းမှာ ဘယ်လောက်လဲ ဆိုတာ ပါလာလိမ့်မယ်။" ဒါက အတွေ့အကြုံ "Experience" ပါ။

ဓားပြတွေ ထွက်သွားတော့ ဘဏ်မန်နေဂျာက သူ့အထက် အရာရှိကို ရဲခေါ်ဖို့ ပြောပါတယ်။ အထက် အရာရှိက "နေဦး။ ဓားပြ တိုက်သွားတဲ့ စာရင်းထဲမှာ ငါးသန်းလောက် ပိုထည့်လိုက်" ဒါက အဆိုးရွားဆုံး အခြေအနေ မှာတောင် ကိုယ့်အတွက် ကျန်အောင် လုပ်ယူတတ်ခြင်း "Swim with the tide"ပါ။

နောက်တစ်ရက် သတင်းမှာ ဘဏ်ကနေ ဆယ်သန်း ဓားပြ တိုက်ခံ ရတယ်လို့ ပါလာ ပါတယ်။ ဓားပြတွေ ဘယ်နှစ်ကြိမ် ရေတွက် ရေတွက် သူတို့ရဲ့ ပိုက်ဆံက ၂သန်းပဲ ရှိပါတယ်။ ဓားပြ တွေက အရမ်း ပေါက်ကွဲ သွားပါတယ်။ သူတို့က သက်စွန့်ဆံဖျား ဓားပြ တိုက်ပြီး ၂သန်းပဲ ရချိန်မှာ ဘဏ်မန်နေဂျာက ဘာမှ မလုပ်ဘဲ ၈သန်းလောက် ရသွား ပါတယ်။ ဒါက အကြံ ဗဟုသုတက ရွှေလို အဖိုးတန်တယ် ""Knowledge is worth as much as gold!" ပါ။

ဘဏ်မန်နေဂျာက ပြုံးပျော် နေပါတယ်။ မနေ့က သူရှုံးခဲ့တဲ့ ရှယ်ယာတွေ ဒီနေ့ အကုန်ပြန် ရလာပြီလေ။ တစ်လ တစ်ခါလောက် ဓားပြ တိုက်ခံရရင် ကောင်းမယ် လို့တောင် တွေးနေမှာပါ။ ဒါက အခွင့်အရေး အရယူ တတ်ခြင်း ""Seizing the opportunity" ပါ။

source: Idealist
image ; deviantart
This is direction of something ?

No comments:

Post a Comment