Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

ဗုဒ္ဓဘာသာ ဝိပဿနာ တရားရိပ်သာဖြစ် မြောက်ရေး ရန်ပုံငွေ အဖြစ် အမေရိကမှာ သွားရောက် ဖျော်ဖြေ မယ့် နှင်းဆီ အငြိမ့်အဖွဲ့

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့အတူ နှင်းဆီအငြိမ့် အဖွဲ့သား များဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း (Examplez)၊ မိုးယုစံနဲ့ ဖူးစုံ တို့က ဗုဒ္ဓဘာသာ ဝိပဿနာ တရားရိပ်သာ ဖြစ်မြောက်ရေး ရန်ပုံ ငွေကပွဲ အဖြစ် ဖေဖော်ဝါရီ လကုန်လောက် အမေရိကမှာ သွားရောက် ဖျော်ဖြေမှာဖြစ် ကြောင်း သိရပါတယ်။ အမေရိကမှာ တစ်လ ကျော်ကြာမြင့် မှာဖြစ်ပြီး ဒီခရီးစဉ် နဲ့ ပတ်သက်လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “ကျွန်တော်နဲ့ မောင်နှမ လိုဖြစ်နေတဲ့ မအီကလိုင်း က အဓိက လုပ်တာ။ အမေရိကမှာ ရှိတဲ့ We Love Nay Toe အဖွဲ့ကလည်း ဝိုင်းဝန်း ကူညီတယ်။ တစ်လကျော် ကြာမှာပါ။ ပထမတုန်းက လန်ဒန်ကို သွားတုန်း ကလည်း သာသနာ့ ဗိမာန် ဖြစ်မြောက်ရေး ရန်ပုံငွေ အတွက် သွားကတာ မြေကွက် တစ်ကွက် ဝယ်ပေးခဲ့ တယ်။ နိုင်ငံခြား ပွဲတွေတော်တော် များများတော့ အဲဒီလိုပဲ ကတယ်။ စီးပွားရှာ ဖို့သွားကတာ နည်းပါတယ်။ အခု ဘန်ကောက် မှာလည်း သိမ်ရေစက်ချပွဲ အတွက် သွားကခဲ့တယ်။ ဒါလည်း ဗုဒ္ဓဘာသာ အတွက်ပါပဲ။ ဘန်ကောက် မှာ မငြိမ် မသက်ဖြစ်နေတဲ့ ကြားထဲက ဘုန်းကြီးတွေ ကလည်း သိမ်ဖွင့်ပွဲ လုပ်တယ်။ ကျွန်တော် တို့ကလည်း လာကတယ်။ ကြည့်တဲ့ သူတွေ ကလည်း ကြည့်ကြတယ်။ ပွဲတွေ တော်တော် များပါပြီ။ ရခိုင်တုန်းကလည်း ရခိုင်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ အတွက် ကကြတယ်” လို့ ပြောပါတယ်။ အမေရိကမှာ တအား အေးတာကြောင့် အဖွဲ့ သားတွေ အားလုံး ကျန်းမာရေး အထူး ဂရုစိုက်ကြ ရမှာဖြစ်ပြီး အချိန် တစ်လကျော်တောင် ကြာမှာဖြစ်လို့ တော်တော် စွန့်စားပြီး သွား ရတာကြောင့် ပြန်လာရင် ဒီမှာ အလုပ်တွေ ပုံနေမှာ ဖြစ်သလို မသွားခင် ကလည်း အလုပ်တွေပြီး ပြတ်အောင် လုပ်ခဲ့ ရတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကပြောပါ တယ် ။
ခိုင်ဝေလွင်

No comments:

Post a Comment