Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

နံပါတ်ပြားတွင် အမည်တပ်စီးနင်းသည့် စည်းကမ်းမဲ့ယာဉ်ကို အရေးယူမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့တွင် ယာဉ်နံပါတ်ပြား၌ သတ်မှတ်နံပါတ် မပါရှိဘဲ လူတစ်ဦး၏ အမည်ကို တပ်ဆင်စီးနင်းနေသည့် စည်းကမ်းမဲ့ မော်တော်ယာဉ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ အကြောင်းကြား အရေးယူစေမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဗဟန်းမြို့နယ် နတ်မောက်လမ်းပေါ်ရှိ ချက်ထရီယမ် ဟိုတယ်အနီး ဖွင့်လှစ်ထားသော Café Liberal ဆိုင်ရှေ့တွင် ရပ်နားထားသည့် အဆိုပါ စည်းကမ်းမဲ့ ယာဉ်၏ ဓာတ်ပုံကို ‘စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ’ ဆိုသည့် Facebook စာမျက်နှာတွင် ဖော်ပြထားရာက တစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်နှင့် နိုင်ငံတော်သမ္မတရုံးတို့ထံ ရောက်ရှိပြီး ယင်းသို့အရေးယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်ပိုင်ရှင်သည် ၎င်း၏ကိုယ်ပိုင် Facebook စာမျက်နှာတွင်လည်း ဓာတ်ပုံမှတ်တမ်း ရယူဖြန့်ဝေသူများကို ဆဲဆိုသော စာသားများ ရေးသားထားပြီး အထက်ပါ ‘စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ’ ဆိုသည့် စာမျက်နှာတွင် ဖော်ပြထားသော ဓာတ်ပုံအောက်တွင်လည်း ဝင်ရောက်ဆဲဆို ထားသည်ကို တွေ့ရသည်။

ယင်းသို့ ယာဉ်နံပါတ်ပြားပေါ်၌ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) က တရားဝင် သတ်မှတ်ပေးသည့် နံပါတ်ကို မတပ်ဆင်ဘဲ အမည်တပ် စီးနင်းသည်ကို မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူနိုင်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိ ရဲမှူးတစ်ဦးက The Voice သို့ ပြောကြားသည်။
“အရေးယူတဲ့ ပုံစံကတော့ စစ်ဆေးပြီးမှ ပိုသေချာပြောနိုင်မယ်။ အကယ်၍ လိုင်စင်မဲ့ဆိုရင် ပိုပြီးကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ အရေးယူလို့ ရပါတယ်” ဟု ၎င်းကရှင်းပြသည်။

ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်အတွင်း စည်းကမ်းမဲ့ မော်တော်ယာဉ်များနှင့် ညသန်းခေါင်ယံအချိန် ကားပြိုင်မှု များကြောင့် ယာဉ်တိုက်မှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပွားခဲ့ရာက လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့က ကြပ်မတ် အရေးယူခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment