Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

ချစ်သူများအတွက် ဗယ်လင်တိုင်း

Written by  မင်းထက်စံ၊ ဒူကဘာ

“ချစ်သူများနေ့ကို ကန်တော်ကြီးမှာ ချိန်းထားတယ်။ ပြီးရင် ရုပ်ရှင်ကြည့်မယ်” ဟု စမ်းချောင်းမြို့နယ် အတွင်း နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။
ချစ်သူ၊ ရည်းစားရှိသော လူငယ်များအဖို့ ဖေဖော် ဝါရီ ဒုတိယပတ်တွင် ရင်ခုန်စရာများဖြင့် စိတ်ကူးယဉ် အိပ်မက် များ ပြည့်နှက်နေသည်ဟု ဆိုရမည် ဖြစ်သည်။ လာမည့် ရက်သတ္တ တစ်ပတ် အတွင်း နိုင်ငံ အနှံ့ ပျော် ရွှင် ဆင်နွှဲနေသော ချစ်သူများနေ့ တို့ ရောက်ရှိ လာတော့မည်။ ဆယ်ကျော်သက် လူငယ်များအဖို့ ကိုယ့်ချစ်သူကို ချောကလက် အပြန်အလှန်ပေးကာ ပန်းခြံတွင် ချစ်ရည်လူးရန် ချိန်းဆိုမှုများလည်း ရှိနေကြလေပြီ။
ချစ်သူများနေ့တွင် ရန်ကုန်မြို့ပြ၏ အထင်ကရ အပန်းဖြေ နေရာဖြစ်သော အင်းလျားကန်၊ ကန်တော်ကြီး၊ စိမ်းလန်းစိုပြည်၊ တိုင်းရင်းသားကျေးရွာ အစရှိသည့် နေရာများအပြင် ရုပ်ရှင်ရုံတို့တွင် စုံတွဲများ ပြည့်နှက်မည်မှာ နှစ်တိုင်း အစဉ်အလာ မပျက်ခဲ့ပေ။ လွတ်လပ်ခွင့်ရှိသည့် ချစ်သူစုံတွဲများ အဖို့တော့ ညကလပ်ထိပင် ကူးသွားကာ ချစ်သူများနေ့တွင် ချစ်ရည်လူးခဲ့ကြသည်။
ရန်ကုန်မြို့ပြ၏ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်၊ အင်းတို့တွင် နှစ်သစ်ကူးနေ့၊ ချစ်သူများနေ့မျိုးတွင် အခန်းဈေးနှုန်းကို မြင့်တက်ထားပြီး ဘွတ်ကင်များဖြင့် ပြည့်နှက်လေ့ ရှိသည်။
ဆက်ရှင်ဟု အချိန်ပိုင်းနားနေရန် ငါးထောင်တန် တည်းခိုခန်းမှသည် သုံးသောင်းထိရှိသော ဟိုတယ်များအထိ အနားယူနိုင်ကြသည်။ ထိုနေ့မျိုးတွင် ညအိပ်မည့်သူများထက် ဆက်ရှင်ယူသူများကို ဦးစားပေးလေ့ ရှိသည်။ ညအိပ်သူများကို မှတ်ပုံတင် ထောက်ခံစာစသဖြင့် ရစ်ကြသည်။
လှိုင်မြို့နယ်အတွင်းရှိ လူငယ်တစ်ဦးက “ဟိုတယ်ကို ခုကတည်းက ဘွတ်ကင် ချိတ်ထားရတယ်။ သုံးနာရီကို တစ်သောင်းခွဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလက ချစ်သူများနေ့တွင် စုံတွဲများ ချစ်ရည်လူးသည့် ယဉ်ကျေးမှုသည် မထွန်းကားခဲ့သော်လည်း မျက်မှောက်ခေတ်တွင်မူ ချစ်သူများနေ့၏ အဓိပ္ပာယ်ကို သိသိမသိသိ ပျော်ရွှင်ဆင်နွှဲနေကြပြီ ဖြစ်သည်။
မြို့ပြလူငယ်များအကြား သုံးစွဲနေကြသော လူမှုကွန်ရက် Facebook တွင်ပင် ချစ်သူများနေ့ မတိုင်မီ ၁၃ ရက်နေ့အထိ မည်သူမဆို ချစ်ရေးဆိုခွင့်ရှိပြီး ကာယကံရှင်ကို သွယ်ဝိုက် ရည်းစားစကား ပြောဆိုနိုင်သူများထဲမှ အကြိုက်ဆုံး တစ်ယောက်ကို ရွေးချယ်ကာ အတူတူ ရှိုးပွဲကြည့်မည်ဖြစ်ပြီး ချစ်သူများနေ့ တစ်ရက်တည်းသာ တွဲမည်ဟု ပွင့်ပွင့်လင်းလင်း ရေးလာသည့် အမျိုးသမီးများပင် ရှိလာပြီ ဖြစ်သည်။
ရန်ကုန်မြို့တော်တွင် နေထိုင်သော ဆယ်ကျော်သက်ရွယ် လူငယ်အမျိုးသား ၂၀ ဦးခန့်နှင့် အမျိုးသမီး ၁၅ ဦးခန့်ကို ချစ်သူများနေ့ ဖြစ်တည်လာသည့် အကြောင်းရင်းကို မေးမြန်းရာတွင် သိရှိခြင်း မရှိသည်ကို တွေ့ရသည်။
ရောမအင်ပါယာ ဧကရာဇ် ကလောင်းဒီယပ်စ်၏ အာဏာနှင့် တည်စေသော အမိန့်ကို ဖီဆန်ကာ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လူသားတို့၏ ချစ်ခြင်းတရားကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်ရုံဖြင့် မရသည်ကို အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သက်သေတည် ထင်ရှားစေခဲ့ခြင်း ဖြစ်သည်။
ရိုမန်အင်ပါယာ၏ စစ်ရိပ်လွှမ်းခဲ့သည့် ကာလတစ်ခုတွင် ရိုမန်အင်ပါယာ ကြီးထွားစေရန် စစ်သားများသာမက လူငယ်များကိုပါ ဧကရာဇ်ကလောင်း ဒီယပ်စ်က စစ်ထဲ ဝင်စေချင်သော်လည်း လူငယ်များအဖို့မူ ချစ်သူ၊ မိသားစု၊ ဇနီးတို့နှင့်ခွဲ၍ အသက်စွန့်ကာ စစ်မတိုက်ချင်ခဲ့ပေ။
ရောမမြို့ပြတွင် နေထိုင်သူတို့သည် ဧကရာဇ် ကလောင်းဒီယပ်စ်၏ အမိန့်ကို မနာခံလိုသူများကို စစ်တမ်းယူခဲ့ရာ များပြားနေသဖြင့် ဧကရာဇ်သည် ရာဇမာန်ထွက်ခဲ့ပြီး စစ်တိုက်ထွက်မည့် သူများကို လက်မထပ်ရ အမိန့်ထုတ်ပြန်ခဲ့လေသည်။ ဧကရာဇ် ကလောင်းဒီယပ်စ်၏ အမိန့်သည် စစ်ထွက်တိုက်မည့် လူငယ်များအဖို့ ရက်စက်ပြီး လူမဆန်ရာကျသည်ဟု ထိုအခါက ဆိုခဲ့သည်။ ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ဧကရာဇ်ကလောင်း ဒီယပ်စ်၏အမိန့်ကို ဖီဆန်ကာ စစ်ထွက်မည့်သူနှင့် ဇနီးအဖြစ်ခံယူကာ ကျန်ရစ်ခဲ့မည့်သူတို့ကို တိတ်ဆိတ်သည့် အခန်းကျဉ်းထဲတွင် ဖယောင်းတိုင်တစ်တိုင် ထွန်း၍ မင်္ဂလာဦး ဆုမွန် တောင်းနေပေးသည့် အနေအထားသည် အမှောင်ခေတ်ကြီးထဲတွင် ရိုမက်တစ် ဆန်ခဲ့သည်။ ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းသည် ဆုမွန်တောင်းရင်း ဧည့်ဆိုး၏ စစ်ဖိနပ်သံကို နားစွင့်မိနေခဲ့သည်။ နောက်ဆုံးတော့ သူနားစွင့်ခဲ့သည့် စစ်ဖိနပ်သံ ကြားလိုက်ရသည်။
ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို မသတ်မီ အကျဉ်းချထားစဉ် အကျဉ်းထောင် ဝန်ထမ်းတစ်ဦး၏ သမီးဖြစ်သူနှင့် စကားပြောခွင့်ရချိန် ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ဧကရာဇ်၏ အမိန့်ကို ဖီဆန်ပြီး လူငယ်များအတွက် သူ၏ရပ်တည်မှု မှန်ကန်ကြောင်း အပြင်က မိတ်ဆွေများ သိစေရန် စာတိုပေစဖြင့် အကြောင်းကြားခဲ့သည့် အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်ပင် ဧကရာဇ် အမျက်တော်ထိရှ၍ ကွပ်မျက်ခဲ့သည်။
ကက်သလစ် ဘုန်းတော်ကြီး ဗယ်လင်တိုင်း၏ စာတိုအောက်ဆုံးတွင် 'from your Valentine' ဟု ရေးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့သည် ချစ်ခြင်းကို အာဏာဖြင့် တားဆီးမရခြင်းကို ရည်ညွှန်းကာ ယနေ့ မော်ဒန်ခေတ်၏ ချစ်သူများနေ့ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မျက်မှောက်ခေတ်တွင် ဗယ်လင်တိုင်းနေ့ကို ခရစ်ယာန် အယူအဆဟုဆိုကာ လက်မခံနိုင်သူများ ရှိသကဲ့သို့ လက်ခံသည့် လူငယ်များကိုလည်း အပန်းဖြေ နေရာများတွင် လက်ချင်းချိတ် ချောကလက်စားကာ ဆင်နွှဲနေသည်ကိုလည်း တွေ့ရလိမ့်မည် ဖြစ်သည်။
တာမွေအဝိုင်း အနီးတွင် နေထိုင်သူ ပညာရေးဝန်ထမ်းတစ်ဦးက “ကျွန်မတို့ ယဉ်ကျေးမှု မဟုတ်တဲ့အတွက် ဘယ်မှသွားဖြစ်မှာ မဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။
သို့သော် ဆယ်ကျော်သက်များနှင့် သက်လတ်အရွယ် ရှိတို့ကမူ မိမိတို့၏ ချစ်ခြင်းကို သက်သေနေ့အဖြစ် အသိအမှတ်ပြုရန် ပို့စကတ်ပို့၊ ချောကလက်၊ ပန်းစည်းတွေပေးရန် ပြင်ဆင်နေကြသည်ကို ဗယ်လင်တိုင်း အမှတ်တရ အရောင်းပစ္စည်း ဆိုင်များတွင် တိုးဝှေ့နေသည့် လူငယ်များက သက်သေပြနေလိမ့်မည်။
အသက် ၂၁ နှစ်အရွယ် သတင်းထောက် အမျိုးသမီးတစ်ဦးကမူ ဟာသနှော၍ အောက်ပါအတိုင်း မှတ်ချက်ပေးသည်။
“ကျွန်မတို့အတွက် ရန်ဖြစ်တဲ့ အချိန်ကလွဲရင် အမြဲတမ်း ဗယ်လင်တိုင်းပါပဲ”

The Voice

No comments:

Post a Comment