Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

ဘုရားပေါ်တွင် အမျိုးသမီးတစ်ဦး ဘာမီတွန်သောက် သေကြောင်းကြံ


ရန်ကုန်၊ မဇ္ဈိမ။ ။ တွံတေးမြို့နယ်ရှိ ဘုရားကြီးစေတီ၊ ရင်ပြင်ပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ဘာမီတွန်ဆေးပြား ၄၀ သောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ယင်းနေ့ ည ၉နာရီက တွံတေးရဲစခန်းက တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီး ရင်ပြင်တော်ပေါ်တွင် အမျိုးသမီး တစ်ဦး ဘာမီတွန် ဆေးပြားများ သောက်၍ ကော့မှူး ဆေးရုံသို့ ရောက်ရှိနေစဉ် သွားရောက်စစ်ဆေးခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် သေကြောင်း ကြံစည်သူမှာ ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု၊ ဘောလုံကွင်း ကျေးရွာနေသည့် မဇင်နွယ်ဝင်း (၂၀)နှစ်ဖြစ်သည်ဟု အတည်ပြုခဲ့သည်။

သူမသည် ဘာမီတွန်းဆေးပြား (၄၀)ပြားကျော်ကို သောက်သုံးပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် သူမကို တွံတေးရဲစခန်းက (ပ)၅၇/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် အသက် (၂၅)နှစ်ရှိ အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးများ သောက်၍ သေကြောင်းကြံစည်ခဲ့သဖြင့် ဒဂုံရဲစခန်းက (ပ)၂၆/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ဖြင့် အရေးယူခဲ့သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment