Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

လူ၂၂ယောက်ကျော်သတ်ခဲ့တဲ့ ၁၉နှစ်အရွယ်မိန်းကလေး


မီရန်ဒါဘာဘာ ဆိုတဲ့ ၁၉နှစ်အရွယ်မိန်းကလေးဟာ အလာစကားစေတန်ဆိုတဲ့ လျှို့ ဝှက်အဖွဲ့ အစည်း တစ်ခု ရဲ့ အဖွဲ့ ဝင်ဖြစ်ပြီး  အမေရိကန်ပြည်နယ်တလျှောက် လူသတ်ခဲ့ရာမှာ ၂၂ ယောက်မြောက်သတ်ပြီးတဲ့နောက်မှာ သူသတ်ခဲ့တဲ့ လူအရေအတွက်ကို ရေတွက်ခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။


Confession: Miranda Barbour has confessed to murdering at least 22 people

အလက်စကားစေတန်ဆိုတဲ့လျှို့ ဝှက်ဂိုဏ်းရဲ့ အဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့မီရန်ဒါဟာအင်တာနက် ကနေတွေ့ ခဲ့တဲ့လူတစ်ယောက်ကိုသတ်ခဲ့တဲ့အမှုနဲ့ အဖမ်းခံရပြီးစစ်ဆေးရာက
အနည်းဆုံးလူ ၂၂ယောက်ကိုသတ်ခဲ့ တယ်လို့ ဝန်ခံပါတယ်။
သူက အသက် ၁၃နှစ်အရွယ်မှာ အလက်စကားစေတန်ဆိုတဲ့လျှို့ ဝှက်အဖွဲ့ ကိုဝင်ရောက်ခဲ့ချိန်ကစပြီး လူသတ်ခဲ့တယ်လို့ ဝန်ခံပါတယ်။

မီရန်ဒါဘာဘာက ပင်ဆယ်ဗေးနီးယားပြည်နယ်ကဖြစ်ပါတယ်။
" ကျမသတ်တာ ၂၂ယောက်ဖြစ်တော့ သတ်ခဲ့တဲ့လူတွေကိုရေတွက်တာရပ်လိုက်ပါတယ်"လို့ြေ့ပာပါတယ်။
နိုဝင်ဘာ၂၀၁၃မှာ မီရန်ဒါဟာ လီဖာရာရာနဲ့ အိပ်ဖို့ အတွက်  ဒေါ်လာ၁၀၀နဲ့  အပေးအယူတည့်ပြီး မော်လ်ထဲကနေ ကားနဲ့ ခေါ်လာပါ တယ်။ သူ့ ယောက်ျားက ကားနောက်မှာပုန်းပြီး လိုက်လာပါတယ်။သူက အသက်၄၂နှစ် အရွယ် လီဖာရာရာကို ဓားနဲ့  အချက်ပေါင်း၂၀လောက် ထိုးခဲ့တယ်။သူ့ ယောက်ျားက လည်ပင်းမှာကြိုးနဲ့ တုပ်ထားပေးတယ်လို့ သိရပါတယ်။

"အမှန်တော့ သူ ကအဲဒီလိုဓားနဲ့ ထိုးသတ်ခံရဖို့ မဟုတ်ပါဘူး။ သူက မဟုတ်တာပြော တယ်လေ။အဲဒါနဲ့ စိတ်မထိန်းနိုင်တော့ဘူး။ကျမယောက်ျားကလည်ပင်းကိုညှစ်ထားပေးတယ်။"
သူ့ ရဲ့ ပထမဆုံးလူသတ်တဲ့အတွေ့ အကြုံကို ပင်ဆယ်ဗေးနီးယားနေ့ စဉ်ကိုပြောပြရာမှာ။ခေါင်းဆောင်က ကျမကို နင်သူ့ ကိုပစ်ရမယ်လို့ ပြောတယ်။ ကျမကသေနတ်တွေကိုမုန်းတယ်။ကျမသေနတ်မသုံးဘူး။သူကကျမနောက်ကိုလာပြီး သူ့ လက်နဲ့ ကျမလက်အပေါ်မှာဖိပြီး သေနတ်ခလုတ်ကိုညှစ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ကျမ လူတွေဆက်တိုက်သတ်ဖြစ်နေတော့တာပါပဲ။ အဓိကသတ်တဲ့နေရာက အလက်စကားပြည်နယ်မှာဖြစ်တယ်။တက္ကဆက်၊မြောက်ကယ်ရိုလိုင်းနားနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေ မှာလည်း သတ်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်။
အကယ်၍ပြန်ထွက်လာခဲ့ရင်လူထပ်ပြီးသတ်မိမှာစိုးရိမ်လို့  သူက အချုပ်ထဲကနေအပြင် ကိုပြန်မထွက်ချင် ဘူး လို့ အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။မီရန်ဒါဘာဘာနဲ့ သူယောက်ျားအီလစ်တို့ ဟာ ထရွိုင်လာဖာရာရာကို သတ်ခဲ့တဲ့အမှုအတွက်သေဒဏ်ကျခံရဖွယ်ရှိပါတယ်။
the melting pot 4U
(ကူးယူဖော်ပြပါက the melting pot 4 U မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါတယ်။)

No comments:

Post a Comment