Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

ခုအသက်အရွယ်မှာ အချစ်ဆိုတာကို ထည့်ကို မစဉ်းစားဖြစ်တော့ဘူးလို့ဆိုတဲ့ အေးမြတ်သူ


Monday, February 10, 2014

အနုပညာခြေလှမ်းတွေကို မှန်မှန်လှမ်းလျှောက်နေတဲ့ အနုပညာရှင်တွေထဲမှာ အပြုံးချိုချိုနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ အေးမြတ်သူ ဆိုတဲ့ ကောင်မလေးလည်း အပါအ၀င်ပါပဲ။ ကျရာဇာတ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အေးမြတ်သူနဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေအပြင် အချစ်ရေးရာကိစ္စများကိုပါ မေးကြည့်ုလိုက်တဲ့အခါ ‘အခု အေးမြတ်သူ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်တယ်။ ပြီးတော့ အေးမြတ်သူတို့ လက်ရှိရိုက်နေတဲ့ ရုံတင်ကား ခေါက်ထီးလေး မလုံ့တလုံ ဆိုတဲ့ကားလည်း နဲနဲကျန်သေးတယ။် မပြီးသေးဘူး။ မင်းသား၊ မင်းသမီးက သူမအား ကိုယ်မအားနဲ့ ဖြစ်နေလို့မပြီးသေးတာ။ အဲဒီကားကလဲ တော်တော်ကြာနေပြီ။ မင်းသားက မင်းမော်ကွန်းနဲ့အေးမြတ်သူပါမယ်။ စိုးပြည့်ပါမယ်။ အေးမြတ်သူက အဲ့ဒီကားထဲမှာ ဆိုးသွမ်းတဲ့ မကောင်းတဲ့ မိန်းမနေရာက သရုပ်ဆောင်ရတယ်ပေါ့။ အဲဒီကားလေးဆိုရင် အေးမြတ်သူ ဘာလို့လက်ခံရိုက်ကူးဖြစ်လဲဆိုတော့ ဒါရိုက်တာက ဦးပွားဖြစ်တာရယ်၊ ဇာတ်လမ်း ဇာတ်အိမ် အရမ်းကောင်းတယ်။ အဲဒါကြောင့်မို့အေးမြတ်သူလက်ခံရိုက်ဖြစ်တယ်။ အဲဒီကားက မပြီးသေးဘူး။ ရှေ့မှာရိုက်ခဲ့တဲ့ အခန်းတွေကို အေးမြတ်သူ အကောင်းဆုံးသရုပ်ဆောင်ထားတယ်။ လူရော စိတ်ရော အပင်ပန်းခံပြီး သရုပ်ဆောင်ထားတဲ့အတွက် တော်တော်တောင်ပိန်သွားတယ်။ ခုမှနဲနဲ ပြန်ဝလာတာ’လို့ သူမက ပြောပြပေးခဲ့ပါတယ်။

လာမယ့်ချစ်သူများနေ့ကိုတော့ အနုပညာအလုပ်တွေလုပ်ရင်း ဖြတ်သန်းမယ်လို့ဆိုတဲ့ သူမက ‘ဘာလို့လဲဆိုတော့ ကိုယ်ကလဲ အသက်အရွယ်ရလာပြီ။ လူငယ်တစ်ယောက်လဲ မဟုတ်တဲ့အခါကျတော့ အေးအေးဆေးဆေးပဲ ဖြတ်သန်းဖြစ်မှာပါ။ ချစ်သူများနေ့က ကိုယ့်အတွက်တော့ လူငယ်တွေလို သိပ်ထွေထွေထူးထူး ပျော်စရာမကောင်းတော့ပါဘူး။ အချစ်ဆိုတာကတော့ ထည့်ကို မစဥ်းစားဖြစ်တော့တာ။ အချစ်ဆိုတာ လူငယ်ဘ၀မှာ ဖြတ်သန်းရတဲ့အရာပေါ့။ အေးမြတ်သူတို့အရွယ်က လူငယ်မဟုတ်တော့ဘူးလေ။ အဲဒီတော့ အချစ်ထက် ဘ၀နဲ့ဦးနှောက်ကို ဦးစားပေးပြီး ရွေးချယ်ရမှာပါ။ လူကြီးဖြစ်လာတဲ့အခါ ကျတော့ လူငယ်တွေကို အချစ်ကိုဦးစားပေးလို့မရတော့ဘူး။ အိမ်ထောင်ဖက်အနေနဲ့ရွေးချယ်ဖြစ်ရင် ဦးနှောက်နဲ့စဉ်းစားပြီး ရွေးချယ်ရမှာ။ မင်္ဂလာသတင်းကတော့ လိုပါသေးတယ်’တဲ့။

Trend Myanmar

No comments:

Post a Comment