Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 7, 2014

ဒေါက်တာထွန်းအောင်ကို အင်းစိန်ထောင် ပြောင်းရွှေ့

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ် အကျဉ်းကျခံနေရတဲ့ ဒေါက်တာ ထွန်းအောင်(ခေါ်) နုရာဟက်ကို စစ်တွေအကျဉ်းထောင်ကနေ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။

ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆ (၁) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတဲ့အမှုနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ည) အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီကျခံစေဖို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်တွေခရိုင်တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်

ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကုန်ပိုင်းက နိုင်ငံတော်သမ္မရဲ့ အမိန့်နဲ့ ပြစ်ဒဏ်တစ်ချို့ကို လျှော့ပေါ့ခဲ့ကြောင်းလည်း သိရပါတယ်။ ဒေါက်တာထွန်းအောင်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က မောင်တောမြို့ ကုလသမဂ္ဂ UNHCR ရုံးခွဲမှာ အစိုးရအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment