Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

တရုတ်အစိုးရတပ်နှင့် ပစ်ခတ်မှု အတွင်း အစ္စလာမ် စစ်သွေးကြွ ၁၁ ဦးသေ

တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiangဒေသ။
အစ္စလာမ် ခွဲထွက်ရေးလှုပ်ရှားသူတွေကို တရုတ်အစိုးရက တိုက်ခိုက်ချေမှုန်းမှုနေတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသမှာ သံသယဖြစ်ဖွယ် စစ်သွေးကြွ ၈ ယောက်ကို တရုတ်ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ နောက်ထပ် စစ်သွေးကြွ သုံးယောက်ဟာလည်း သူတို့ဘာသာ အသေခံဗုံးဖောက်ခွဲပြီး သေဆုံးခဲ့တဲ့အကြောင်း တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက သောကြာနေ့က ပြောပါတယ်။

Aksu ဒေသ Wushi အရပ်က ပန်းခြံတခုရှေ့မှာ အကြမ်းဖက်သမားတွေက မော်တော်ဆိုင်ကယ်တွေနဲ့ ကားတွေမောင်းနှင်လာပြီး ရဲဝန်ထမ်းတအုပ်ကို ၀င်ရောက် တိုက်ခိုက်ချိန်မှာ ခုလို သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ အကြမ်းဖက်သမားတွေဟာ အသေခံ ဗုံးခွဲ တိုက်ခိုက်တဲ့အခါ အသုံးပြုဖို့အတွက် LNG ဓာတ်ငွေ့တွေ အများအပြားကို ကားထဲမှာ သယ်ဆောင်လာခဲ့တဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရက သူတို့အပေါ် ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ပြောဆိုနေကြတဲ့ ၀ှီကာ မူဆလင် လူမျိုးစု နဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။ အစိုးရကတော့ တိုက်ခိုက်မှု အများစုကို East Turkestan Islamic Movement အဖွဲ့က လုပ်ဆောင်တာလို့ ပြစ်တင်ထားပါတယ်။

ဒီအဖွဲ့ဟာ သီးခြား လွတ်လပ်ရေးရယူဖို့ တိုက်ခိုက်နေကြ တာဖြစ်ပြီး၊ နိုင်ငံရပ်ခြားက အစွန်းရောက်တွေရဲ့ ကျောထောက်နောက်ခံ ရထားတဲ့အဖွဲ့လို့ ဆိုပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ တရုတ်အစိုးရဟာ သူ့ရဲ့ မူဆလင်တွေအပေါ် ဖိနှိပ်မှုတွေကို ဖုံးကွယ် ကာကွယ်ပြောဆိုဖို့အတွက် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုပြီး ချဲ့ကား ပြောဆိုနေတာလို့ ဝေဖန်ပါတယ်။VOA

China kills 11 ‘€˜terrorists’ in Xinjiang

February 14, 2014 7:47AM ET
Police reportedly said the group was attempting to carry out suicide bomb attacks
Topics:
China
International
Members of the border security force during a training exercise in China's northwestern Xinjiang region, Jan. 7, 2014.
Ke Dawei/ColorChinaPhoto/AP Images
Eleven "terrorists" were killed when they attacked police in China's far western region of Xinjiang on Friday, state news agency Xinhua reported. It was the latest violence to hit a part of the country with a large population of Muslim ethnic Uyghurs, who often allege they are being repressed by the country's ethnic Han majority.
"The terrorists, riding motorbikes and cars, attacked a team of police who were gathering before the gate of a park for routine patrol at around 4 p.m. in Wushi County in the Aksu Prefecture," Xinhua said in an English-language report.
Ethnic tensions have been high in Aksu. Human rights activists told Al Jazeera in mid-September that authorities had placed a Chinese flag at the head of a mosque there, provoking a public outcry because it essentially forced Muslims to bow to a symbol of the Chinese state when they prayed.
Chinese authorities told Xinhua that it appeared the "terrorists" who died Friday had been planning to carry out suicide bomb attacks.
"Police said the terrorists had (an) unknown number of (liquefied natural gas) cylinders in their car, which they had attempted to use as suicide bombs. Several terrorists were shot dead at the scene," the Xinhua report said.
 http://america.aljazeera.com/articles/2014/2/14/china-kills-elevenaterroristsainxinjiang1.html

No comments:

Post a Comment