Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 15, 2014

ဆိုင်ကယ် ကယ်ရီခတောင်းစဉ် ခရီးသည်အမျိုးသားများမှ မပေးဘဲ ဓါးဖြင့်ထိုး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
၁၄.၂.၂၀၁၄ ရက်နေ့ ၂၀၁၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာနေ ဦးမင်းသူသည် ဆိုင်ကယ်ကယ်ရီမောင်းသည့် ညီဖြစ်သူ ကိုအောင်မင်းဇော်မှာ ဓါးထိုးခံရ၍ မြောက်ဥက္ကလာပဆေးရုံ သို့
ရောက်ရှိနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ လည်ပင်း ယာဘက်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိထားသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အား မေးမြန်းသည့်အခါ ယင်းနေ့ ၂၀၁၀ အချိန်ခန့်က ကိုအောင်မင်းဇော်သည် သင်္ဃန်းကျွန်းကြီးလမ်းဆုံ၌ ဆိုင်ကယ်ဂိတ်ထိုး ထားစဉ် အမည်မသိအမျိုးသား(၂)ဦးမှ ကုန်းတလပေါင်ကျေးရွာသို့ ငှားရမ်းသဖြင့်လိုက်ပို့ပေးခဲ့ကြောင်း၊ ကုန်းတလပေါင်သို့ရောက်သည့် အခါ ထောက်ကြန့်သို့ ဆက်လက်ပို့ခိုင်းခဲ့၍ မောင်းနှင်လာစဉ် တိုက်ဂါးဘီယာစက်ရုံ၊ဂျိုးဖြူပိုက်လုံးအနီးအရောက်၌ ကိုအောင်မင်းဇော်မှ ဆိုက်ကယ်အားရပ်ကာ ကယ်ရီခတောင်းခဲ့ကြောင်း၊ ထိုသို့တောင်းစဉ် ၎င်း အမျိုးသား(၂)ဦးအနက်(၁)ဦးမှ အသင့်ပါလာသောဓါးဖြင့်ထိုးပြီး ထွက်ပြေးသွားကြသဖြင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်းတို့ကိုသိရှိခဲ့ရ ပါသည်။
ထိုကဲ့သို့ ညီဖြစ်သူကိုဒဏ်ရာရရှိအောင်ပြုလုပ်သူများအား စုံစမ်းအရေးယူ ပေးပါရန် ဦးမင်းသူမှ တိုင်တန်းခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၃၉/၂၀၁၄၊ပုဒ်မ ၃၂၆/၁၁၄ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား
ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment