Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

၅၉ (စ)ကို မပြင်ဖို့၊ လွှတ်တော်အမတ်တွေထိ ၅၉(စ)ကို သတ်မှတ်ဖို့ ရဲမင်းဦးတောင်းဆို



ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လိုက်မယ်ဆိုရင် သမ္မတရာထူးဟာ သာလယံဇရပ်ဖြစ် သွားနိုင်တယ်လို့ အမျိုးသားရေးဝါဒီ ရဲမင်းဦးက ဖေဖော်ဝါရီ ၉ရက်နေ့မှာ ရွှေပြည်သာမှာကျင်းပတဲ့ ဟောပြောပွဲမှာ ပြောဆိုလိုက်ပါတယ်။

မြန်မာအမျိုးသားကွန်ရက်၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီတို့က ဦးဆောင်တဲ့ အမျိုးသားရေး အသိပညာပေး ဟောပြောပွဲမှာ ရဲမင်းဦးက သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို လွှတ်တော် အမတ် အရည်အချင်းသတ်မှတ်ချက်တွေအထိ သတ်မှတ်ဖို့လိုတယ်လို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်ထဲက ပရိသတ် ၂ထောင်ကျော် တက်ရောက်တဲ့ ဒီဟောပြောပွဲကို သရဖီပန်းခြံမှာ ကျင်းပတာဖြစ်ပြီး ၉၆၉ ဦးဆောင်ဆရာတော် ဦးဝီရသူကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် မွတ်ဆလင်ဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးကို ဦးဆောင်နေတဲ့ ဦးနေမျိုးဝေကလည်း သတင်းမီဒီယာတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ အသွင်ကို ပြောင်ပြောင်တင်းတင်း ပုံဖော်လာနေတဲ့ ဒီလိုဟောပြောပွဲတွေဟာ ဘယ်ပါတီ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကို ယူပြီး လုပ်ဆောင်တာ မဟုတ် ဘူးလို့ မြန်မာအမျိုးသားကွန်ရက်က ဆိုပါတယ်။



http://www.youtube.com/watch?v=r4faMt1wIQY&feature=player_embedded

No comments:

Post a Comment