Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 12, 2014

ရှန်ဟိုင်းမြို့သည် အာရှ၏ ခေတ်အမီဆုံး မြို့တော်ဖြစ်လာ



ရှန်ဟိုင်းမြို့သည် တိုကျိုမြို့နှင့် ဟောင်ကောင် မြို့တို့ကို ဖြတ်ကျော်၍ အာရှ၏ ခေတ်အမီဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စစ်တမ်းသစ် တစ်ခုအရ သိရသည်။

ရှန်ဟိုင်းမြို့သည် အာရှတွင် ခေတ်အမီဆုံး မြို့တော်ဖြစ်ပြီး ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော်များ စာရင်းတွင် နံပါတ် ၁ဝ နေရာ၌ ရပ်တည်လျက် ရှိကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် အဖွဲ့၏ သုတေသန ပြုချက်အရ သိရသည်။

ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော်များ စာရင်း၌ နယူးယောက် မြို့သည် နံပါတ်တစ် နေရာတွင် ရပ်တည်နေပြီး ပဲရစ်နှင့် လန်ဒန် မြို့များသည် နံပါတ်နှစ် နေရာနှင့် နံပါတ်သုံး နေရာတို့တွင် အသီးသီး ရပ်တည်လျက် ရှိသည်။

၎င်းစာရင်း၏ ထိပ်တန်းမြို့ ၂ဝ တွင် တိုကျို၊ စင်ကာပူနှင့် ဟောင်ကောင်တို့ ပါဝင်လျက် ရှိကြောင်း သိရသည်။

တိုကျိုမြို့သည် ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်း၏ နံပါတ် ၁၁ နေရာတွင် ရပ်တည် နေခဲ့ပြီး စင်ကာပူက နံပါတ် ၁၉ နေရာ၊ ဟောင်ကောင်မြို့က နံပါတ် ၂ဝ တို့တွင် ရပ်တည် နေခဲ့ကြောင်း သိရသည်။

Credit To :မြ၀တီ

No comments:

Post a Comment