၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုရွာ၊ ပုလဲလမ်းထိပ်ရှိကုန်စုံဆိုင်အနီး၌ ၎င်းရွာနေ မောင်မျိုး(ခ)ဇော်မျိုးမှာ ကုန်စုံဆိုင်ဘေးလမ်းကြားသို့ လမ်းမှားဝင်သည့် ကိစ္စဖြင့် ကုန်စုံဆိုင်မှ ကိုကျော်မိုးနှင့်စကားများကြပြီး လုံးထွေးသတ်ပုတ် နေကြသဖြင့် မောင်မျိုး(ခ)ဇော်မျိုး၏ညီမများဖြစ်သော မငြိမ်းငြိမ်းအေးနှင့် မသန္တာထွေးတို့မှ ၀င်ရောက်ဖျန်ဖြေပေးခဲ့ကြပါသည်။
ထိုသို့ ဖျန်ဖြေပေးနေစဉ် မောင်မျိုး(ခ)ဇော်မျိုးမှ အသင့်ပါလာသောဓါးဖြင့် ကိုကျော်မိုးကိုထိုးခဲ့ရာ ကိုကျော်မိုး အားမထိုးမိဘဲ ညီမဖြစ်သူမသန္တာထွေး၏ ယာဘက်ရင်သားအောက်ကိုထိုးမိသွားခဲ့သဖြင့် လှိုင်သာယာဆေးရုံသို့
တင်ပို့ကုသစဉ် မသန္တာထွေးမှာသေဆုံးသွားခဲ့ပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မောင်မျိုး(ခ)ဇော်မျိုးအား သောင်ကြီးနယ်မြေ ရဲစခန်း (ပ)၁၃၁/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:
Post a Comment