Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

သမီးသေဆုံးမှုအတွက် မြေးဖြစ်သူ ဗိုလ်ကြီးကို အဖွားက အမှုဖွင့်


မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သမီးဖြစ်သူ သေဆုံးမှုတွင် မြေးတော်စပ်သူဗိုလ်ကြီးကို မသင်္ကာဟု အဖွားဖြစ်သူက သတင်းပေးတိုင်ကြားမှုကြောင့် မင်္ဂလာဒုံရဲစခန်းက ရေဝေးသို့ ရောက်ရှိနေသည့် လူသေ အလောင်းကို ပြန်လည်စစ်ဆေးပြီး အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်သည်။

အမှုမှာ မင်္ဂလာဒုံမြို့နယ်နေ ဗိုလ်ကြီးဝင်းလှိုင်၊ ဇနီး မငယ်ငယ်(ခ)မမြတ်စံ ပယ်ထွန်းတို့ နေအိမ်တွင် ဗိုလ်ကြီးဝင်းလှိုင်၏ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်ကြူမှာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီခွဲအချိန်တွင် သေဆုံးခဲ့ပြီး အလောင်းကို ရေဝေးသုဿန်သို့ ပို့ဆောင်ထားခဲ့သည်။

ထိုဖြစ်စဉ်တွင် သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်က သမီးဖြစ်သူသေဆုံးခဲ့ရမှုတွင် သေဆုံးရသည့် အကြောင်းရင်းကို မသိရှိရဘဲ ရေဝေးသုဿန်သို့ ပို့ဆောင်ထားသည်ကို သံသယရှိကြောင်း ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီခွဲအချိန် တွင် မင်္ဂလာဒုံရဲစခန်းသို့ သတင်းပေးတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

“သေဆုံးသူက မြောက်ဥက္ကလာပကနေ ကျွန်တော့်ရပ်ကွက်ထဲက သူ့သားနဲ့ ချွေးမဆီမှာ လာနေရင်း ဆေးကုနေတာပါ။ သူ သေဆုံးကြောင်း ထောက်ခံချက်ကို သူ့ဆရာဝန်ကိုယ်တိုင် လက်မှတ်ထိုးထောက်ခံ လို့ ကျွန်တော်တို့ကလည်း ရပ်ကွက်အတွင်း သေဆုံးကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးထားပါ တယ်” ဟု အမှတ် (၃/ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိန်ဝင်းက မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန် လည်ဖြေ ကြားခဲ့သည်။

ထို့ကြောင့် မြို့မရဲစခန်းမှူး ဒု-ရဲမှူးဝင်းမြင့်၊ တာဝန်မှူး ဒု-ရဲအုပ် မြင့်အောင်တို့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးချက်အရ သေဆုံးသူဒေါ်မြတ်မြတ်ကြူသည် ခုခံအားတိုက်ခိုက်ခံရသည့် ရောဂါ Systemic Lupus Erythematosus (SLE) ဖြစ်ပွားသဖြင့် ရွှေဂုံတိုင်ဆေးရုံတွင် ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၅ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၆ ရက်ထိ ဆေးကုသမှုခံယူပြီး နေအိမ်သို့ ခေါ်ဆောင်ပြုစုထားသည်ဟု သားဖြစ်သူ ဗိုလ်ကြီးဝင်းလှိုင်က ထွက်ဆိုထားသည်ဟု ဆိုသည်။

ယင်းသို့ ပြုစုနေစဉ် သေဆုံးသွားသဖြင့် အလောင်းအား သင်္ဂြိုဟ်ရန် ရေဝေးသုဿန်သို့ ပို့ဆောင်ခြင်းဖြစ် သည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ရေဝေးရှိ ဒေါ်မြတ်မြတ်ကြူ၏ အလောင်းအား သွား ရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရသော်လည်း ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရန် ဒု-ရဲအုပ် မြင့်အောင်က တရားလိုပြုလုပ်တိုင်တန်းလိုက်သည်။

ထိုတိုင်တန်းမှုကြောင့် မင်္ဂလာဒုံရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၃/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ကိုယ်တိုင် ဆက်လက်စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese

No comments:

Post a Comment