Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

ထိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဆင့်ခေါ်


ထိုင်းနိုင်ငံမှာ အစိုးရ စပါးဝယ်ယူရေး အစီအစဉ် အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကြားနာဖို့ ကြားဖြတ်ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆင့်ခေါ်လိုက်ပါတယ်။

ယင်းလပ်အနေနဲ့ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် ၀န်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ရပြီး နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖွယ် ရှိပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (ဓာတ်ပုံ – ရိုက်တာ)

လောလောဆယ်မှာတော့ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းကို ခရီးထွက်နေပြီး အမှုကို ကြားနာဖို့ သူ့ရဲ့ကိုယ်စား ရှေ့နေ တယောက်ကို စေလွှတ်ထားပါတယ်။
ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၂ နာရီမှာ ယင်းလပ်ကို ထောက်ခံသူတွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဆောက်အဦရှေ့က လမ်းကို သံကြိုးတွေနဲ့ ပိတ်ဆို့ခဲ့ကြပါတယ်။

ယင်းလပ်ကို ဖြုတ်ချရင် ဒီမိုကရေစီကို ကာကွယ်တဲ့အနေနဲ့ အကြမ်းဖက်နည်းလမ်းလည်း လိုအပ်ရင် သုံးမယ်လို့ ခြိမ်းခြောက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ၀ီချိုင်းဝီ၀ုဒ်စီဝီးကတော့ စွပ်စွဲချက်ကို ၀န်ကြီးချုပ် ယင်းလပ်က လက်မခံရင်လည်း စုံစမ်းမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ယင်းလပ်အနေနဲ့ စွပ်စွဲချက်တွေကို အပြစ်မရှိကြောင်း သက်သေအထောက်အထားတွေကို ၁၅ ရက်အတွင်း တင်ပြခွင့်ရှိပါတယ်။

လယ်သမားတွေဆီက စပါးကို ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီ ၀ယ်တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် ရွေးကောက်ပွဲမှာ ထောက်ခံမဲရဖို့ အထောက်အပံ့ ဖြစ်ခဲ့ပေမယ့် တိုင်းပြည်ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

တချိန်တည်းမှာ အကျင့်ပျက် ခြစားမှုတွေလည်း ရှိတယ်လို့ စွပ်စွဲခံနေရပါတယ်။ လယ်သမား ၁ သန်းကျော်လည်း စပါးဖိုးငွေရဖို့ လနဲ့ချီပြီး စောင့်ဆိုင်းနေရပါတယ်။

DVB Burmese

No comments:

Post a Comment