![]() |
| ရွှေဆိုင်တချို့ ရွှေကို ဂရမ်နဲ့ စရောင်း |
မြန်မာနိုင်ငံက ရွှေဆိုင်ပေါင်း ၄၀ ရာခိုင်နှုန်းလောက် ပါဝင်တဲ့ မြန်မာ ရွှေဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ MGD က ရွှေကို နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့ ကျပ် ပဲ ရွေး စနစ်ကနေ ဂရမ် အလေးချိန် စနစ်နဲ့ ပြောင်းပီး ဒီကနေ့စလို့ ရောင်းချနေပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒါဟာ ပထမဆုံးအကြိမ် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဂရမ်စနစ်နဲ့ ရောင်းချ တာ ဖြစ်ပါတယ်။
ဒီလိုဂရမ်နဲ့ ရောင်းချတဲ့ စနစ်ကို မြန်မာနိုင်ငံက တခြားရွှေဆိုင်တွေမှာ လည်း နောက်ပိုင်းမှာ လက်ခံကျင့်သုံး လာလိမ့်မယ်လို့ MGD ကုမ္ပဏီ ဥက္ကဌ ဦးခင်မောင်ဟန် က ပြောပါတယ်။
ရွှေလောကက လူတွေကတော့ ဒီစနစ်ဟာ ရှေ့မှာ တွင်ကျယ်လာမယ်လို့ တချို့က ခန့်မှန်းသလို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ တချို့က ဝေဖန်နေကြပါတယ်။
BBC Burmese

No comments:
Post a Comment