Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

အစိုးရအား အယုံကြည် မရှိကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ရဲစခန်းသို့ သွားရောက် အဖမ်းခံ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံကြည် မရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ သည် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဆန္ဒပြပွဲပြီးနောက် ကိုယ်တိုင်သွားရောက် အဖမ်းခံ ခဲ့သည်။

သွားရောက် အဖမ်းခံခဲ့သူမှာ M.D.C.Fအဖွဲ့မှ ခေါင်းဆောင်ကိုထင်ကျော် ဖြစ်သည်။ ၎င်းသည် ယခုလ ၁၄ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံကြည်မရှိကြောင့် တရားဝင်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စာတင်ခဲ့ပြီး ရဲစခန်းမှ ခွင့်ပြုသော်လည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခွင့်မပြုခဲ့ကြောင်း ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသော်လည်း ဆန္ဒထုတ်ဖော်ရန် တစ်နာရီအလိုတွင် ခွင့်မပြုကြောင်း အကြောင်းကြား လာသောကြောင့် ဆန္ဒထုတ်ဖော်ပြီး ကျောက်တံတား ရဲစခန်းတွင် ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

" ပုဒ်မ ၁၈ကို အယုံကြည်မရှိဘူး။ အယုံကြည်မရှိလို့လည်း ခွင့်မပြုလည်း ပြမှာပဲ။ ပြီးမှ ကိုယ်တိုင်သွား အဖမ်းခံလိုက်မယ်။ ပြည်သူ့အတွက်ဆို ကြိုးစင်တက်ရဲတယ်"ဟု သွားရောက်အဖမ်းခံသူ ကိုထင်ကျော်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၈) ရက် နံနက်ပိုင်းက M.D.C.F အဖွဲ့အပါအ၀င် သမီးကလေးကျေးရွာသူကျေးရွာသူကျေးရွာသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစသည့် အင်အား ၅၀ခန့်သည် ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်ကာ လူကဲ့သို့ကျင်ကြံနေထိုင်နိုင်ရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြုတ်ချရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြုတ်ချရေး လူ့အခွင့်အရေးအပြည့်အ၀ရရှိရေးစသည့် ကြွေးကြော်သံများကြွေးကြော်က လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

သတင်း/ဓါတ်ပုံ - ဖိုးလပြည့်

Popular Myanmar News Journal

No comments:

Post a Comment